အဆိုပါ ကျန်းမာရေးစောင့် ရှောက်မှု အာမခံအ မျိုး အစားကို မြန်မာ့ အာမခံလုပ်ငန်းမှ လာမည့် နှစ် ဆန်းပိုင်း မှစတင်ကာ ယူနစ်စနစ် ဖြင့် ရောင်းချနိုင်ရန် စီစဉ်လျက်ရှိပြီး ယင်းအာမခံကို စတင်ရောင်းချရာ၌ တစ်ယူနစ် လျှင် ငွေကျပ်ငါးသောင်း ဖြင့် တစ်ဦးလျှင် အများဆုံး ငါးယူ နစ်ထိ ဝယ်ယူနိုင်မည်ဖြစ်ကြောင်း မြန်မာ့အာမ ခံလုပ်ငန်းမှသိရသည်။
မြန်မာ့အာမခံလုပ်ငန်းမှ ဦး ဆောင်ညွှန်ကြားရေးမှူး ဦးအေး မင်းသိန်းက ''ကျန်းမာရေးအာမခံ အမျိုးအစား ကို တစ်ယူနစ်ကနေ ငါးယူနစ်ထိ ဝယ်နိုင်တယ်။ သူက တစ်နှစ်အကျုံးဝင်တယ်။ တစ်နှစ် အတွင်းမှာ တစ်ခု ခုထိခိုက်မှုဖြစ်လို့ ဆေးရုံတက်ရရင် တစ်ယူနစ်အတွက် တစ်ရက်ကို တစ်သောင်းခွဲနဲ့ ရက် ၃ဝထိလျော်ပေး တယ်။ တကယ်လို့ ဆေးရုံတက်နေစဉ်မှာပဲ သေဆုံး မယ်ဆိုရင် ၁ဝသိန်းလျော်ပေးတယ်။၁ဝ သိန်းမှာ ဆေး ရုံတက်လို့ တစ် ရက်ကိုတစ်သောင်းခွဲလျော်ပေးရတဲ့ လျော်ကြေးငွေတွေကိုတော့ ပြန် နုတ်တာပေါ့''ဟုပြော သည်။
အဆိုပါအာမခံထားရာတွင် ထားရှိမည့်သူမှာ မြန်မာ့အာမခံလုပ် ငန်းမှမေးသည့် အချက်အလက်များ ကို မှန်ကန်စွာဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။
ဦးအေးမင်းသိန်းက ''အာမခံ ထားမယ်ဆိုရင် မေးတဲ့အချက်အ လက်ကို အမှန်အတိုင်းဖြေရမယ်။အမှန်အ တိုင်းဖြေ ရင်တော့ မစစ်ဘဲ ထားခွင့်ပြုမှာပါ။ တကယ်လို့အမှန် အတိုင်း မဖြေဘူးလို့ထင်ရင်တော့ဆေးစစ် မယ်။
ဥပမာ-ဆေးလိပ် သောက်ပြီး မသောက်ဘူးလို့ လိမ် ဖြေရင်တော့ ထားလို့ရမှာ မဟုတ်ဘူး။ သောက်လို့
သောက်တယ်ဖြေရင်အာမ ခံထားလို့ရမှာပါ''ဟု ပြောသည်။
အဆိုပါကျန်းမာရေးအာမခံ အမျိုးအစားကို ဆေးရုံများနှင့်ချိတ် ဆက် လုပ်ဆောင်သွားမည်ဖြစ်ပြီး ယင်း အာမခံအမျိုးအစားကို ၂ဝ၁၃ ခုနှစ်တွင် စတင်အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။
ဒီမိုကရေစီတူဒေး

မှတ်ချက်များ