ဘီဘီစီရဲ့ ၂၀၁၄ခုနှစ်အတွက် အကောင်းဆုံး သီချင်းဆုအတွက် ဇကာတင်အရွေးခံရသူတွေထဲမှာ
Pharrell ရဲ့ Happy သီချင်းနဲ့ Sam Smith ရဲ့ Money On My Mind တို့က တစ်ပြေးနေပါတယ်။
Clean Bandit ရဲ့ Rather Be Coldplay ရဲ့ A Sky Full of Stars Ed Sheeran ရဲ့ Sing နဲ့ Ella Henderson ရဲ့ Ghost တို့လည်းပါဝင်ပါတယ်။
ဇကာတင်စရင်းဝင်သီချင်းတွေက လွန်ခဲ့တဲ့၁၂လမှာ ဘီဘီစီ ရေဒီယိုနဲ့ ရုပ်မြင်သံကြား ဂီတ အစီအ စဉ်တွေမှာ အများဆုံးတင်ဆက်ခဲ့တဲ့သီချင်းတွေဖြစ်ပါတယ်။
ဘီဘီစီရဲ့ ၂၀၁၄ခုနှစ်အတွက် အကောင်းဆုံး သီချင်းဆုကို ဘယ်သူဆွတ်ခူးရရှိမလဲဆိုတာကိုတော့ ပရိတ် သတ်က ဒီကနေ့ ဂရင်းနစ်အချိန် နံနက် ၇နာရီခွဲမှ ညနေ ၇နာရီခွဲ အထိ တက်စ်မက်ဆေ့ချ ဖြစ်စေ အွန် လိုင်းကဖြစ်စေ BBC Music ကိုဆန္ဒမဲ ပေးရွေးချယ်ကြမှာဖြစ်ပါတယ်။
BBC

မှတ်ချက်များ