နှိပ်စက်တဲ့နည်း အသုံးပြုတာကို စီအိုင်အေ ကာကွယ်
အမေရိကန်နိုင်ငံမှာ စက်တင်ဘာ အလဲဗင်း တိုက်ခိုက်မှု ဖြစ်ပေါ်ခဲ့ပြီး နောက်ပိုင်း ဗဟို ထောက်လှမ်းရေး
အေဂျင်စီ CIA က သံသယ ရှိသူတွေကို စစ်ဆေး မေးမြန်းရာမှာ အင်မတန် ပြင်းထန်တဲ့ နည်းလမ်းတွေကို အသုံးပြုတဲ့အပေါ် အမေရိကန် ဆီးနိတ် လွှတ်တော် အမတ်တွေက ရှုတ်ချ ပြစ်တင်မှုတွေ လုပ်နေကြပါ တယ်။
ပြင်းထန်တဲ့ နည်းလမ်းတွေ ဆိုရာမှာ အစစ်မေးခံရသူကို မအိပ်ခိုင်းတာ၊ ရေမွန်းအောင် ခေါင်းပေါ်ကို ရေ
လောင်းချတာ၊ ရိုက်နှိက်တာနဲ့ တခြား လူ့ဂုဏ်သိက္ခာ ထိခိုက်စေတဲ့ အရှက်ခွဲနည်းတွေ အသုံးပြုတာတွေ ပါဝင်တယ် ဆိုပြီး ဆီးနိတ် လွှတ်တော်က ထုတ်ဝေလိုက်တဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။
ဒီလို နည်းလမ်းတွေ အသုံးပြုလို့လည်း ကြမ်းကြုတ် ရက်စက်တာက လွဲပြီး ဘာမှ အကျိုးကျေးဇူး ရှိမယ့် သတင်းမျိုး မရရှိနိုင်ဘူး လို့ အစီရင်ခံစာ က ဆိုပါတယ်။
ဒီ အစီရင်ခံစာ ပြုစုဖို့ စုံစမ်းမှုတွေကို ဦးဆောင် ပြုလုပ်ခဲ့တဲ့ ဆီနိတ်တာ ဒိုင်အန်း ဖိုင်းစတန်းက အမေရိကန်
ပြည်ထောင်စုရဲ့ သမိုင်းနဲ့ ထားရှိတဲ့ စံတန်ဖိုးတွေ အပေါ် အစွန်းအထင်း ဖြစ်စေတာတွေကို တွေ့ရှိခဲ့ရ တယ်လို့ ပြောပါတယ်။
သမ္မတ အိုဘားမား ကတော့ အစီရင်ခံစာက အသေးစိတ် ရေးသားထားတဲ့ ပြင်းထန်တဲ့ နည်းလမ်းတွေကို သူ တာဝန်ယူပြီးတဲ့နောက် အသုံးမပြုတော့ဘူးလို့ ပြောပါတယ်။ ဒီလို နည်းလမ်းတွေ အသုံးပြုခဲ့ကြလို့ အကြမ်းဖက် တိုက်ဖျက်ရေးကို အထောက်အကူ မပြုဘဲ နိုင်ငံရပ်ခြားမှာ အမေရိကန်ရဲ့ အကျိုးစီးပွားကို သိသိသာသာ ထိခိုက်ခဲ့ကြောင်းလည်း သမ္မတ အိုဘားမားက ဆိုပါတယ်။
CIA ရဲ့ ညွှန်ကြားရေးမှုး ဂျွန် ဘရဲန်နန် ကတော့ ကြမ်းတမ်းတဲ့ နည်းလမ်းတွေ အသုံးပြုခဲ့လို့ အကြမ်းဖက် တိုက်ခိုက် မှုတွေကို ကာကွယ်နိုင်ခဲ့တယ်၊ အကြမ်းဖက် သမားတွေကို ဖမ်းဆီးနိုင်ခဲ့တယ်၊ လူ့အသက် တွေ ကို ကယ်တင် နိုင်ခဲ့တယ် ဆိုပြီး ကာကွယ် ပြောဆိုခဲ့ပါတယ်။
BBC

မှတ်ချက်များ