ပန်းပုပညာရှင် Jim McNalis မှ ဟံသာဝတီ ဦးဝင်;တင်ရုပါထုအား PEN Myanmar သို့ပေးအပ်







အမေရိကန်နိုင်ငံမှ ပန်းပုပညာရှင် Jim McNalis ထုစစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သာဘာပတိ အဖွဲ့ဝင် သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်၏ ရုပ်ထုအား PEN Myanmar သို့ လွဲပြောင်းပေးအပ် ပွဲကို ဒီဇင်ဘာ ၁၁ ရက်နေ့ ယနေ့မွန်းလွဲ ၂ နာရီက ပုဇွန်တောင်မြို့နယ်ရှိ PEN Myanmar ရုံးတွင်ကျင်းပ ရာ အဖွဲ့ချုပ် နာယက ဘဘဦးတင်ဦးမှ တက်ရောက်၍ အောင်းမေ့သတိရ အမှတ်တရ စကားပြောကြားပေး ခဲသည်။

၎င်း ရုပ်ထုပေးအပ် ပွဲကို သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်၏ စာပေအသိုင်းဝိုင်းမှ မိတ်ဆွေများ အဖွဲ့ချုပ်အဖွဲ့ဝင်များ ပြည်တွင်း၊ပြည်ပ သတင်းမှဒီယာများ တက်ရောက်ခဲ့ကြသည်။ပန်းပုပညာရှင် Jim McNalis မှ ဘဘဦးဝင်းတင်၏ ရုပ်ထု ထုလုပ်ခဲ့ရချင်းအကြောင်းရင်းများကို ရှင်းလင်းပြောကြားခဲ့သည်။

ဘဘဦးဝင်းတင်၏ရုပ်ထု အား PEN Myanmar မှ တာဝန်ရှိသော ဦးမျိုးမြင့်ငြိမ်း၊ ဆရာမ မသီတာ (စမ်းချောင်း) တို့မှ လက်ခံရယူခဲ့ပြီး အဆိုပါရုပ်ထုအား သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်၏ ပြ တိုက်ပေါ်ပေါက်ပါက ပန်းပုဆရာ၏သဘောတညီမှုနှင့် လွဲပြောင်းပေးအပ်သွားမည်ဟု ဦးမျိုးမြင့်ငြိမ်းမှ ပြော ကြားသွားခဲ့သည်။

National League for Democracy


မှတ်ချက်များ