အာလူး၊ ခရမ်းချဉ်သီး အချိုချက် လွယ်လွယ်လေးပဲ ချက်စားကြည့်ရအောင်
အာလူး၊ ခရမ်းချဉ်သီးဖြင့် အချိုချက် ထားတာပါ။ အရသာက ချိုစိမ့်ပြီ ထမင်းမြိန်စေမယ့် ဟင်းတခွက် ဖြစ် တာမို့ ခုပဲ တူတူ ချက်ကြည့်၇အောင်..
ပါဝင်ပစ္စည်းများ
အာလူး လုံးသေး – ၁၀လုံး
ကြက်သွန်နီ – ၂လုံး (ပါးပါးလှီးပါ)
ခရမ်းချဉ်သီး – ၃လုံး (အစေ့ထုတ်ပြီ ပါးပါးလှီးပါ)
ဂီ(သို့) ထောပတ် – စားပွဲတင်ဇွန်း ၃ဇွန်း
ငရုတ်သီးနီ – ၂တောင့် (ပါးပါးလှီးထားပါ)
ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပါ)
သစ်ဂျပိုး အမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
နံနံစေ့မှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
ဆနွင်းမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
သံပရာရည် – စားပွဲတင်ဇွန်း တ၀က်
နံနံပင် – လက်တဆုပ်စာ (ပါးပါးလှီးပါ)
ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
သကြား – လက်ဖက်ရည်ဇွန်း တ၀က်
ပြင်ဆင်နည်း
၁။ ဒယ်ထဲ ရေများများ၊ ဆား ထည့်ပြီ အာလူးများကို နူအိသည်အထိ ပြုတ်ထားပါ။
၂။ ပြီနောက် အခွံနွှာပြီ ထပ်ခြမ်း(သို့) ၄စိပ်စိပ်ပေးပါ။
ချက်ပြုတ်နည်း
၁။ အရင်ဆုံး ဒယ်ထဲ ဂီ(သို့) ထောပတ်ထည့် ဂီပူလာလျှင် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးနီ တို့ကို ဆီသပ်ပေးပါ။
၂။ ပြီမှ နံနံစေ့မှုန့်၊ သစ်ဂျပိုးမှုန့်၊ ဆနွင်းမှုန့် တို့ကို ထည့်ကာ ရေမွှေလိုက်ပါ။
၃။ ပြီနောက် ခရမ်းချဉ်သီး၊ အာလူး ထည့်ကာ ၁မိနစ်ခန့် အရောင်ရသည်အထိ ကြော်ပေးပါ။
၎။ ထို့နောက် အရသာအတွက် ဆား၊ သကြား၊ သံပရာရည် တို့ကို ထည့်ပါ။
၅။ ပြီလျှင် ရေ(ခွက် ၁ခွက်) ထည့်ပြီ ခရမ်းချဉ်သီး နွမ်းသွားသည်အထိ အဖုံးအုပ်ပြီ မီးအတင့်သင့်ဖြင့် တည်ထားပါ။ ၆။ ဆီပြန်လာလျှင် အပေါ်မှ နံနံပင်များ အုပ်ပြီ အာလူး၊ ခရမ်းချဉ်သီး ဆီပြန်ဟင်းကို သုံးဆောင်လို့ရပါပြီ…
Wutyee Food House

မှတ်ချက်များ