အရှိန် အဟုန်နဲ့ ကြီးထွားလာတဲ့ လူသား မှောင်ခို ဈေးကွက် ( ဖတ်ဖြစ်အောင်ဖတ်ပေးပါ )


တိုင်းပြည်ဆင်း၇ဲလွန်းလို့ နေစရာ စားစရာ မရှိဖြစ်နေတဲ့  သာမန်ပြည်သူတွေနယ်စပ်ဒေသတွေမှာ စွန် စား
သွားရောက်လုပ်ကိုင်နေသူများ.သတိထားဖို့ပါငွေကြေးမပြည်စုံသူတွေရဲ့  အများဆုံးထွက်ပေါက်ဖြစ်တဲ့ တရားမ၀င် အလွယ်ဆုံးနည်းလမ်းကနေ သွားနေကြတဲ့သူတွေမှာ ရင်ဆိုင်ရမယ့် အရမ်းအန္တရယ်ကြီးမား တဲ ပြသနာတွေရှိနေပါတယ်၊....

.ဒီအထဲမှာ အဆိုးဆုံးက တရုပ်ပြည်နယ်စပ်က လူကုန်ကူးနေကြတဲ့ ဒုစရိုက်မှောင်ခိုးဂိုဏ်းတွေရဲ့  ငွေ မက်လုံးနဲ့ ဖျားယောင်းသွေးဆောင်ပြီး လူ့ ကိုယ်တွင်းက အရေးကြီးတဲ့ အစိတ်အပိုင်းတွေကို ထုတ်ယူ
ရောင်းစားနေကြတာဘဲဖြစ်ပါတယ်။

တရုပ်နိုင်ငံအတွင်းမှာ ကျောက်ကပ်-နှလုံး..အဆုတ်စတဲ့ ထုတ်ယူရောင်းစားမှုက ဈေးကွက်မှာ ကျယ်ပြန့် 
လာနေပါပြီ၊ နှစ်စဉ် တရုပ် နိုင်ငံတွင်းမှာပင် ဆေးရုံကလူနာ(၁)သန်း လောက်ဟာ ကိုယ်တွင်းက အရေးကြီး တဲ့အစိတ်အပိုင်းတွေ အစားထိုးဘို့ စောင့်နေကြပါတယ် ၊-ဒီလိုအပ်ချက်ကို ကိုယ်ခန္ဓာလှူတမ်းထားသူတွေ ရုပ်တရက်သေဆုံးသွားသူနဲ့ အကျဉ်းထောင်တွေက ကျန်းမာရေးကောင်းမွန်တဲ့ ထောင်သား(သေဒဏ်ပေး)
တွ ဆီက နေအများဆုံးထုတ်ယူပါတယ်၊ ခွဲစိတ်အစားထိုးဘို့  လိုအပ်လူနာ ဦးရေကအလွန်များနေတာ
ကြောင့်လည်း ငွေကြေးတတ်နိုင်တဲ့သူတွေက ဈေးကောင်းပေးပြီး ၀ယ်နေတော့ မှောင်ခိုဈေးကွက်ကလည်း
တွင်းကျယ်လာပါတယ်၊

ဝယ်အားကောင်းနေဆဲ လူ့ အစိတ်အပိုင်းတွေကတော့ ကျောက်ကပ်($၅၀၀၀၀ကျော်) အသည်းမှာဒေါ် လာ($၈၀၀၀၀၀ကျော်)နဲ့  ဈေးအရဆုံးကတော့ အဆုတ်ဖြစ်ပြီး ဒေါ်လာတသိန်း မှ လေးငါးသိန်းကျော်အထိ
ဈေးပေါက်ပါတယ်။

နောက်ဆုံး..မျိုးဥကောင်းတဲ့ ယောက်ကျားသုတ်ရည်ကိုတောင်ဒေါ်လာထောင်ချီပေးပြီးဝယ်တာလည်းရှိသေး
တယ်။

ချမ်းသာတဲ့သူတွေက သူ့ ထက်ငါဈေးကောင်းပေးအလုအရက် ၀ယ်လာနေလို့  ခုလိုဈေးတွေတက်သွားခဲ့ တာပါ၊ ၀ယ်လိုအားကောင်းတော့ ဒုစရိုက်ဂိုဏ်းသားတွေက မျက်စေ့ကျလာပါတော့တယ်၊ဒီတော့ ကုန်ကြမ်း
တွေကိုရဘို့  လူမှောင်ခိုသမားတွေနဲ့ ချိတ်ဆက်ပြီး လုပ်ကိုင်လာရာမှာတော့..... လူသားဈေးကွက်တွင်ကျယ်လာတာပါ

.နောက်ပိုင်း လူကလီစာရောင်းတာတွေ.တရုပ်နိုင်ငံတွင်းမှာ ဖမ်းဆီးအရေးယူနေ ပေမဲ့...လူသား မှောင်ခို
လောကက ရပ်မသွားပါဘူး၊ မြေအောက်ဂိုဏ်းသားတွေဟာ ပုံစံတမျိုးနဲ့  ဆက်လုပ်ကြပြန် တယ်၊ ...လူက လီစာကုန်ကြမ်းတွေကို ဆက်ရှာနိုင်ဘို့  ဆင်းရဲတဲ့နိုင်ငံတွေ ကနေ ရရာအလုပ်ထွက်လုပ်သူတွေဟာ သား
ကောင်တွေဖြစ်သွားရော၊ နယ်စပ်ကနေလူတွေကိုအောက်လမ်းမှခိုးသွင်းလာမယ် ပြီးရင်တချို့ ကိုဆေးထိုး သတ်ပြီး ကိုယ်ထဲအစိတ်အပိုင်းတွေထုတ်ယူတယ်၊

တချို့ ကိုတော့ နေမကောင်းလို့  ဆေးရုံပြမယ်လို့  လိမ်ညာပြီးမှောင်ခိုဆရာဝန်နဲ့ ကိုယ်ထဲက အစိတ်အပိုင်း
တွေကို ခွဲထုတ်ယူကြပါတယ်၊တချို့ လည်းငွေကြေးကြောင့် မိမိဆန္ဒအလျှောက် ထုတ်ရောင်းကြတာလည်း ရှိတယ်၊ နောက်နည်းတမျိုးမှာ နယ်စပ်က ကျန်းမာရေးကောင်းတဲ့ မိန်းခလေးငယ် တွေကိုလက်ထပ်ဘို့ 
စည်းရုံးခေါ်သွားပြီး နောက်ပိုင်းမှာအပြောက်ရှင်းလိုက်တာပါ။ တရုပ်အမျိုးသားတဦးနဲ့ လက်ထပ်ခဲ့တဲ့ ထိုင်းကျေးလက်တောသူတဦးဟာ ယောက်ကျားနေတဲ့ တရုပ်ပြည်ကို လိုက်သွားရင်း နဲ့  နေမကောင်း လို့ ဆေးရုံတက်ရတဲ့အချိန်မှာ သူမကိုမေ့ ဆေးပေးပြီး နှလုံးကိုအစားထိုးလဲ လိုက်တဲ့အတွက် ဆေးရုံက ဆင်းလာပြီးတဲ့နောက်ပိုင်း.... ၃လအကြာမှာ သေဆုံးသွားခဲ့ပါတယ်၊ မိမိတို့  နိုင်ငံမှာလည်း လူမသိသူမ သိနဲ့  ခုလိုလိမ်ညာလူကုန်ကူးနေသူတွေကြောင့် ဘယ်လောက် ပြောက်ဆုံးနေကြတယ်ဆိုတာ ဘယ်သူမှ သိနိုင်မှာမဟုတ်ပါ

ဒါကြောင့် တရုတ်ဘက် ကို တရားဝင်နည်းနဲ့ ပဲဖြစ်ဖြစ် မှောင်ခိုပဲဖြစ် ဖြစ် သွားရောက်အလုပ်လုပ်ကိုင်မည့်
သူများကို သတိ ကြီးစွာ ထားနိုင်ဖို့ တင်ပြ လိုက်ပါတယ်

Burmarpyithar

မှတ်ချက်များ