စူပါကားတစ်စီးထက် တန်ဖိုးကြီးမည့် ရွှေစက်ဘီး
ရံဖန်ရံခါတွင် ၄င်းတို့၏စက်ဘီးများ အပေါ် စိတ်တိုင်းမကျဖြစ်တတ်သည့် စက်ဘီးနှစ် သက်သော ဝါသနာ ရှင်များအတွက် မကြာမီ ၂၄ ကာ ရက်ရွှေနှင့် ပြုလုပ်မည့်စက်ဘီး ပေါ်ထွက်လာတော့ မည် ဖြစ်သည်။
ထုတ်လုပ်မည့်မှာ ဇိမ်ခံပစ္စည်းကုမ္ပဏီတစ်ခု ဖြစ်သော ဂိုးလ်ဂျင်းနီ(Goldgenie)ဖြစ်၍ ၄င်းကုမ္ပ ဏီသည် ယခင်ကလည်း ရွှေစမတ်ဖုန်းကိုထုတ်လုပ် ခဲ့ဖူးသည်။
ယခုထုတ်လုပ်မည့်ရွှေစက်ဘီးမှာ အမျိုး သားစီးဖြစ်၍ မီဒက်စ်(Midas)ဟု အမည် ပေးထား ပြီး တန်ဖိုးမှာ
ပေါင်နှစ်သိန်းခွဲခန့် ရှိမည်ဖြစ်သည်။
ရွှေစက်ဘီး၏ ဘီးတွင်တပ်ဆင်မည့်တာ ယာမှာ SR4 အမျိုးအစား ပြိုင်ဘီး တာယာ များဖြစ် သည်။ ဆွဲဆောင်မှုရှိသောပုံစံနှင့် ထုတ်လုပ်မည်ဖြစ်ပြီး ထပ်မံ၍ စက်ဘီးပေါ်တွင် အဖိုးတန်ကျောက်မျက်များ
ခြယ်မှုန်းဦး မည်ဖြစ်ကြောင်း သိရသည်။
ဂိုးလ်ဂျင်းနီ၏ရွှေစက်ဘီးသည် ချမ်းသာြ<ွကယ်ဝခြင်းကို ဖော်ပြထားသည့် ပြယုဂ်တစ်ခုဖြစ် လာမည်မှာ အမှန်အကန်ပင်ဖြစ်ပေသည်။
Yangon Media Group

မှတ်ချက်များ