သေနတ် သမားနဲ့ သြစတြေးလျ ရဲတို့ စေ့စပ် စကား ပြောနေ
ဆစ်ဒနီ မြို့လယ်က ကော်ဖီ ဆိုင်တခုကို ဝင်စီး ထားတဲ့ သေနတ် သမားတဦး နဲ့ သြစတြေးလျ ရဲတို့ စေ့စပ် ညှိနှိုင်း စကား ပြောနေကြပြီလို့ ရဲက ပြောပါတယ်။
ဒါပေမယ့် သေနတ် သမား အနေနဲ့ ဘာကို တောင်းဆိုထားလဲ၊ ဘာတွေ ပြောကြား ခဲ့ကြလဲဆိုတာကိုတော့
ရဲက ထုတ်ဖေါ် ပြောကြား ခြင်း မရှိသေးပါ။
အဲဒီ ပြန်ပေး သမား ဘယ်သူ ဘယ်ဝါ ဖြစ်တယ် ဆိုတာကို တော့ ရဲက သိနေပြီလို့ လည်း ပြောပါတယ်။
ဆိုင်ထဲမှာ ရှိတဲ့ လူတွေကို ဓားစာခံ အဖြစ် သေနတ် သမား က ဖမ်းထားပြီး နာရီပေါင်း အတော် ကြာလာ တဲ့ အချိန် အခုလို ရဲ က စကား ပြောဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။
ဆိုင်ထဲက လူ ၅ ယောက် ကတော့ ထွက်ပြေး လွတ်မြောက် လာတာကို တွေ့ ရပါတယ်။ ဒါပေမယ့် သူတို့ ကို သေနတ် သမားက ပြန်လွှတ်ပေး လိုက်တာလား ဆိုတာ ကိုတော့ အတိ အကျ မသိရသေး ပါ။
ကော်ဖီ ဆိုင် မှန်ပြူတင်း ကနေ အာရပ်စာနဲ့ ရေးထားတဲ့ အနက်ရောင် အလံ တခု ပြထား တာကို တွေ့ရပါ တယ်။
BBC

မှတ်ချက်များ