နေပြည်တော်တွင် နိုင်ငံခြားသားတဦး သေဆုံး
ဒီဇင်ဘာ ၁၄ ရက်နေ နံနက် ၈း၃၀ အချိန်ခန့်က နေပြည်တော်ကောင်စီ နယ်မြေ၊ နယ်မြေ(၂) သပြေကုန်း ရပ်ကွက်၊ ငုဝါလမ်း၊ အမှတ်(၄၆၄)၏ ပထမထပ် အခန်းတခုထဲတွင် ပတ်စ်ပို့အမှတ် ၄၀၉၁၃၃၉၇ ကိုင်ေ
ဆောင်၏ထားသူ Franco Gatchalian အမည်ရှိ ဖိလစ်ပိုင်နိုင်ငံသား တဦးသည် ခုတင်ဘေးတွင် မှောက် လျက်အနေအထားဖြင့် သေဆုံးနေကြောင်း သေဆုံးသူကို လာခေါ်သော ယာဉ်မောင်း ဦးအန့်ထူးမြင့်က
တွေ့ရှိသဖြင့် သက်ဆိုင်ရာသို့ အသိပေးအကြောင်းကြားမှုကြောင့် သပြေကုန်း အမှတ်(၁)ရဲစခန်းမှ စစ်ဆေး လျက်ရှိကြောင်း သတင်း ရရှိသည်။
သေဆုံးသူမှာ ဒီဇင်ဘာလ ၁၃ ရက်နေ့ ညနေ ၅း၀၀ အချိန်ခန့်တွင် ယာဉ်မောင်းဦးဇော်လွင်၏ ၄န/၆၀၂၉
ဖြင့် ရန်ကုန်မှ ထွက်ခွာလာခြင်းဖြစ်ပြီး နေပြည်တော်သို့ ဒီဇင်ဘာ ၁၄ ရက်နေ့ နံနက် ၅း၀၀ နာရီအချိန်ခန့် တွင် ရောက်ရှိခြင်းဖြစ်ကြောင်း သိရသည်။
နိုင်ငံခြားသားသေဆုံးနေသည့် နေအိမ်တိုက်ခန်း၏ ပိုင်ရှင်မှာ ဦးစိုင်းတင့်အောင်ဆိုသူဖြစ်ပြီး နေအိမ်တိုက် ခန်းရှေ့ ၀င်ပေါက် တံခါးတွင် 'အိမ်ငှားရန်ရှိသည်' ဆိုင်းဘုတ်နှင့် ဆက်သွယ်ရန် ဖုန်းနံပါတ်များ ရေး ထားသော ကြော်ငြာကပ်ထားသော်လည်း နေအိမ်တိုက်ခန်းကို ဆက်သွယ်ရေးတာဝါ တိုင်စိုက်ထူခြင်းလုပ် ငန်း လုပ်ကိုင်သော Lead Com ကုမ္ပဏီအား လွန်ခဲ့သော(၄)လ ခန့်က ငှားရမ်းထားကြောင်း၊ နိုင်ငံခြား သားများ အ၀င်အထွက်ရှိကြောင်း၊ သပြေကုန်းရဲစခန်းတာဝန်ရှိသူ များမှ ညဘက်ဧည့်စာရင်းစစ်ရန် ဆက် သွယ်သော်လည်း အဆက်အသွယ်မရဘဲ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးကလည်း လူများနေထိုင် ၀င်ထွက်သွားလာသည်ကို မသိကြောင်း၊ အိမ်ပိုင်ရှင်သော်လည်းကောင်း၊ အိမ်ငှားသူသော်လည်းကောင်း၊ ဆိုင်ရာသို့ဆက်သွယ်အကြောင်း ကြားခြင်း မရှိကြောင်း သပြေကုန်းရဲစခန်းမှ တာဝန်ကျရဲဝန်ထမ်းတဦးက News Watch သို့ ပြောကြားသည်။
အဆိုပါအမှုအား သပြေကုန်း အမှတ် ၁ ရဲစန်းမှ သေမှုသေခင်းအမှတ် ၈/၂၀၁၄ ဖြင့် အမှုဖွင့်၍ စုံစမ်းစစ်
ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထွန်း(နေပြည်တော်) | News Watch(စောင့်ကြည့်သတင်းဂျာနယ်)

မှတ်ချက်များ