အစိုးရကောင်းတရပ်ဖြစ်ရေး ဖိလစ်ပိုင်ကျောင်းသားများ၏ အ၀တ်ဗလာချွတ်ပြေးပွဲ
လက်ရှိ သမ္မတ အကွီနို ဦးဆောင်တဲ့ ဖိလစ်ပိုင် အစိုးရ အနေနဲ့ ပွင့်လင်း မြင်သာမှု ရှိတဲ့ အစိုးရကောင်း တရပ်ဖြစ်ဖို့ ဖိလစ်ပိုင် တက္ကသိုလ် ကျောင်းသားတွေ မနေ့က အုပ်စုလိုက် အဝတ်ဗလာချွတ်ပြေးပွဲ ကျင်း ပခဲ့ကြပါတယ်။
တက္ကသိုလ်ထဲက အဝတ်ဗလာ Oblation အိုဗလေရှင်း ရုပ်တုကို အစွဲပြုပြီး ၁၉၇၀ နှစ်တွေကတည်းက ကျင်းပလာခဲ့တဲ့ပွဲဖြစ်ပါတယ်။
နှစ်စဉ် ဒီဇင်ဘာလ ၁၆ ရက်နေ့မှာ တက္ကသိုလ်ကျောင်းသားတွေဟာ မျက်နှာဖုံးတခုတည်း ၀တ်ဆင်ပြီး အစိုးရပြုပြင်စေလိုတဲ့ သတင်းအချက်အလက်တွေကို ကိုင်စွဲပြေးကြတာဖြစ်ပါတယ်။
၂၀၁၄ ခုနှစ် ကိုယ်လုံးတီးကျွတ်ပြေးပွဲကို ကျောင်းသူကျောင်းသား ရာနဲ့ချီပြီး လာရောက်အားပေးခဲ့ကြပါ တယ်။
ကျောင်းသားဟောင်းတဦးက အိုဗလေရှင်း ပြေးပွဲဟာ လူတွေကို အာရုံစိုက်မှုရရှိအောင် လုပ်ဆောင်တဲ့ပွဲ
ဖြစ်ပါတယ်။ ဒါပေမယ့် ကျောင်းသားတွေ ပေးချင်တဲ့အကြာင်းအရာကို ပိုအာရုံစိုက်စေချင်ပါတယ်လို့ ပြော ဆိုပါတယ်။
အခုနှစ် အိုဗလေရှင်း ပြေးပွဲမှာတော့ ဖိလစ်ပိုင်လွှတ်တော်အမတ်တွေအပါအ၀င် ဖိလစ်ပိုင်အစိုးရအတွင်း အကျင့်ပျက်ခြစားမှုတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားနေမှုကို ကိုင်တွယ်ဖြေရှင်းဖို့ အကွီနိုအစိုးရကို တောင်း ဆိုခဲ့ကြတာပါ။
ကျောင်းသူတဦးကတော့ ဒါကို တချို့က ပုံမှန်မဟုတ်ဘူး။ အဓိပ္ပာယ်မရှိဘူးလို့ ထင်ကြပေမယ့် ရည်ရွယ် ချက်တခုခုရှိနေမယ်၊ အခွင့်အရေးတခုခုအတွက် တောင်းဆိုနေသမျှတော့ ကောင်းတယ်လို့ ယူဆကြောင်း
ပြောဆိုပါတယ်။
အိုဗလေရှင်း ပြေးပွဲဟာ ၁၉၇၇ ခုနှစ်က အဲ့ဒီတုန်းက သမ္မတဖြစ်တဲ့ ဖာဒီနန်မားကိုစ့်ကိုဖိလစ်ပိုင်တက္ကသိုလ်
ကျောင်းသားတွေ အဝတ်ဗလာဆန့်ကျင်ဆန္ဒပြတာကနေ စတင်လာတယ်လို့လည်း သိရပါတယ်။
DVB

မှတ်ချက်များ