ဆစ်ဒနီတွင် သေနတ်သမားတစ်ဦးက ကော်ဖီဆိုင်ကို စီးနင်း၍ ဓားစာခံများ ဖမ်းဆီးထားပြီး အစ္စလာမ္မစ် အလံလွှင့်ထူ
ဆစ်ဒနီတွင် သေနတ်သမားတစ်ဦးက ကော်ဖီဆိုင်ကို ဝင်ရောက်စီးနင်းခဲ့ပြီး ဓားစာခံ အများအပြားကို ပြန်ပေးဆွဲထားကြောင်း ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၁၅ ရက်တွင် ပြောကြားခဲ့သည်။ လေးနာရီကျော် ကြာသည် အထိ ပြန်ပေးသမားနှင့် တိုက်ရိုက်ဆက်သွယ်မှု မရရှိသေးကြောင်း နယူးဆောက်ဝေးရဲတပ်ဖွဲ့ ကော်မရှင်နာ မင်းကြီး အင်ဒရူးဆိုင်ပျွန်က ပြောကြားခဲ့သည်။
ဆစ်ဒနီမြို့လယ်ရှိ စီးပွားရေးလုပ်ငန်းများ ဗဟိုချက် Martin Place ရှိ Lindtကော်ဖီဆိုင်တွင် ပြန်ပေးဆွဲမှု
ဖြစ်ပွား ခဲ့ခြင်းဖြစ်ပြီး ကော်ဖီဆိုင်တွင်းမှ လူသုံးဦးထက်မနည်းသည် လက်များမြှောက်၍ အာရပ်ဘာသာဖြင့် ရေးထားသော အစ္စလာမ္မစ်အလံကို ကိုင်ဆောင်ထားကြသည်ဟု သတင်းများက ဖော်ပြခဲ့ကြသည်။ ဩစတြေးလျဝန်ကြီးချုပ် တိုနီအဘော့က ပြန်ပေးဆွဲစီးနင်းမှုကို အလွန်စိုးရိမ်ကြောင်း ပြောကြားခဲ့သည်။
ပြန်ပေးဆွဲမှု၏ နောက်ကွယ်တွင် မည်သူပါဝင်ပတ်သက်နေကြောင်းကို ရှင်းရှင်းလင်းလင်း မသိရသေး
ကြောင်း၊ နိုင်ငံရေးအရ လှုံ့ဆော်ဆောင်ရွက်မှု ဖြစ်နိုင်ကြောင်း အဘော့က ပြောကြားခဲ့သည်။
လက်နက်ကိုင်စီးနင်းမှုဖြစ်ရပ်ကို ဖြေရှင်းဆောင်ရွက်နေဆဲဖြစ်ပြီး လုံခြုံရေးအထူးတပ်ဖွဲ့များသည် ကော်ဖီ ဆိုင်အတွင်းမှ လူများနှင့် ဆက်သွယ်ရန် ကြိုးပမ်းနေကြောင်း နယူးဆောက်ဝေးရဲတပ်ဖွဲ့က ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ပြန်ပေးဆွဲမှု ဖြစ်ပွားသည့် ကော်ဖီဆိုင်အနီးရှိ ရုံးများကို ဘေးကင်းရာရွှေ့ပြောင်းမှုများ ဆောင်ရွက်ထားပြီး ပြည်သူများ အိမ်အတွင်း၌ နေကြရန်နှင့် ပြတင်းပေါက်များ နှင့်ဝေးဝေးနေကြရန် တိုက် တွန်းထားကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
Martin Place သည် ခြေလျင်သွားလမ်းမကြီးဖြစ်ပြီး ဆစ်ဒနီမြို့လယ်ကို ဖြတ်သန်း၍ ပါလီမန်၊ တရားရေး
နှင့် လက်လီလုပ်ငန်းများရှိသည့်ခရိုင်များနှင့် ဆက်သွယ်သည့်နေရာဖြစ်သည်။ Martin Place တွင် ဒီဇင် ဘာ ၁၅ ရက်က လူအမြောက်အမြား လုပ်ငန်းခွင်ဝင်ရန် ရောက်ရှိချိန်၌ စီးနင်းမှု စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ် သည်။
အိတ်တစ်အိတ်နှင့် သေနတ်ကိုင်ဆောင်ထားသော အမျိုးသားတစ်ဦးသည် Lindt ကော်ဖီဆိုင်အတွင်းသို့ ဝင်သွားခဲ့ကြောင်း မျက်မြင်သက်သေများက ပြောကြားခဲ့ကြသည်။ ရဲတပ်ဖွဲ့က ယင်းနေရာကို ပိတ်ဆို့ ထား ပြီး လမ်းများကို ပိတ်ထားခဲ့သည်။ ကော်ဖီဆိုင်အတွင်း အလုပ်သမား ၁ဝ ဦး နှင့် စားသုံးသူ ဧည့်သည် ၃ဝ ခန့် ရှိနိုင်ကြောင်း Lindt ကုမ္ပဏီက ပြောကြားခဲ့သည်။
EMG



မှတ်ချက်များ