သမ္ဗုဒ္ဓေဂါထာ ဘယ်ကလာသလဲ
သမီးနာမည်နန်းပွင့်ဆက်ပါ။ ရန်ကုန်မှာနေပါတယ်။ သမီးမသိတာလေးတစ်ခုကို ဖြေကြားပေးစေချင် ပါသည်။ သမီးငယ်ငယ်ကပင် ဖေဖေသင်ပေးလို့ သမ္ဗုဒ္ဓေဂါထာတော်ကို ရွတ်ဖတ်ခဲ့ပါသည်။ သမ္ဗုဒ္ဓေ သီချင်းကိုပါ သမီးအလွတ်ရပါသည်။ သမ္ဗုဒ္ဓေဂါထာတော်နဲ့ သမီးရဲ့ အခက်အခဲ အတော်တော်များများကို အောင်မြင်နိုင်ခဲ့ပါသည်။
သမီးက သီချင်းဆိုပြီး အသက်မွေးဝမ်းကျောင်းပြုပေမယ့် သီချင်းမဆိုခင်မှာ သမ္ဗုဒ္ဓေဂါထာကို စိတ်ထဲက အမြဲရွတ်ပါသည်။ ဖျော်ဖြေပွဲတစ်ခုမတိုင်ခင်မှာ သမီးရဲ့သူငယ်ချင်းတစ်ယောက်က သမ္ဗုဒ္ဓေဂါထာဟာ ဘုရားဟောမဟုတ်ဘူးဟု ပြောလာပါသည်။ အဲဒါ ဟုတ်ပါသလား။ သူငယ်ချင်းရဲ့စကားကြောင့် သမီး ရဲ့ယုံကြည်မှုတော့ ပျက်ပြားသွားမည်မဟုတ်ပါ။ ကျေးဇူးတင်ပါသည်။
သမီးနန်းပွင့်(ရန်ကုန်)
တိုက်တွန်းချက်
ကျမ်းဂန်တွေ ကျမ်းညွှန်းတွေမပါဘဲ ဖတ်လို့ကောင်းရုံသာ မန်ပဲဖြေလိုက်ရင်လည်း ရတော့ရပါတယ်။ ဒါပေမဲ့ ခိုင်လုံပြည့်စုံပြီး လေးနက်စေချင်တဲ့ စေတနာရင်းရှိပါတယ်။ မေးခွန်းရဲ့အဖြေအတွက် လေ့လာဖတ်ရှုရင်း စိတ်ဝင်စားမိ လို့ ရရှိတဲ့အချက်အလက်တွေကို စုစည်းပြလိုတဲ့ဆန္ဒလည်း ရှိပါတယ်။
ပရိသတ်ကို သီချင်းဆိုပြီးမဖြေ ဖျော်ခင် သမ္ဗုဒ္ဓေဂါထာကို ရွတ်လေ့ရှိတဲ့ သမီးနန်းပွင့်အနေနဲ့ ဘာသာရေးဗဟုသုတကိုလည်း မြတ်နိုးမှာ ဖြစ်လို့ ဖြည်းဖြည်းချင်း သည်းခံကြိုးစားပြီး ဖတ်ရှုနိုင်မယ်လို့ မျှော်လင့်ပါတယ်။
အသိဥာဏ်ပွင့်လင်းမှုနဲ့ ဗဟုသုတတစ်မျိုး ဧကန်တိုးပါလိမ့်မယ်။ ဒီမေးခွန်းကို ပြည့်စုံစွာဖြေဆိုနိုင်ဖို့ Arizona State University က Hayden စာကြည့်တိုက်ကို ပို့ပေးတဲ့ဓမ္မမိတ်ဆွေ Mr. James McShea ကို ကျေးဇူးအထူးတင်ပါတယ်။
သမ္ဗုဒ္ဓေဂါထာ မြန်မာပြန်
(၁) သမ္ဗုဒ္ဓေ အဋ္ဌဝီသဉ္စ၊ ဒွါဒသဉ္စ သဟဿကေ။ ပဉ္စသတ သဟဿာနိ၊ နမာမိ သိရသာမဟံ။
နှစ်ကျိပ်ရှစ်ဆူသော ဘုရားရှင်၊ တစ်သောင်းနှစ်ထောင်သောဘုရားရှင်၊ ငါးသိန်းသောဘုရား ရှင် (၅၁၂ဝ၂၈ ဆူသော ဘုရားရှင်)တို့ကို ဦးခေါင်းဖြင့် ရိုသေစွာရှိခိုးပါ၏။
(၂) အပ္ပကာ ဝါဠုကာ ဂင်္ဂါ၊ အနန္တာ နိဗ္ဗူတာ ဇိနာ။ တေသံ ဓမ္မဉ္စ သံဃဉ္စ၊ အာဒရေန နမာ မဟံ။
ဂင်္ဂါမြစ်ကမ်းရှိ သဲပွင့်များမှာနည်း၏။ ပရိနိဗ္ဗာန် စံတော်မူပြီးသော အောင်တော်မူဘုရားရှင် တို့ကား အဆုံးမရှိကုန်။ ထိုဘုရားရှင်များနှင့် ထိုဘုရားရှင်တို့၏ ဓမ္မနှင့်သံဃာကိုလည်း ရိုသေစွာရှိခိုးပါ၏။
(၃) နမက္ကာရာနုဘာဝေန၊ ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ။ အနေကအန္တရာယာပိ၊ ဝိနာသန္တုအသေသတော။
ရှိခိုးရသည့်အာနုဘော်ကြောင့် ဘေးရန်ခပ်သိမ်းကို ရှောင်ရှား၍ အန္တရာယ်များစွာတို့လည်း အြ<ွကင်းမဲ့ ပျောက်ကင်းပါစေသတည်း။
သမ္ဗုဒ္ဓေ ဘယ်ကရ
ဂါထာမှာဖော်ပြတဲ့အတိုင်း ဘုရားရှင် (သမ္ဗုဒ္ဓေ)ပေါင်း ၅၁၂ဝ၂၈ ဆူ ဘယ်လိုဖြစ်လာတယ်ဆို တာကို ကျမ်းဂန်မှာဖွေရှာရင်း စိတ်ဝင်စားဖွယ် ယုံကြည်မှုကွင်းဆက်တွေကို တွေ့ရတယ်။ ဗုဒ္ဓဝံသပါဠိ၊ စရိယပိဋကပါဠိနဲ့ မိလိန္ဒပဉှပါဠိကျမ်းတွေမှာ ပွင့်တော်မူပြီး ဗုဒ္ဓ ၂၇ဆူ(ဂေါတမဗုဒ္ဓပါရင် ၂၈ဆူပြတယ်။ ပထမဆုံး ထေရဝါဒအဖွင့်ကျမ်းဖြစ်တဲ့ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ (ဝိသုဒ္ဓိမဂ္ဂ ၁၊ ၂၉၁)မှာ သမ္မာသမ္ဗုဒ္ဓဖြစ်လာ ဖို့ လေးအသင်္ချေနဲ့ကမ္ဘာတစ်သိန်း ပါရမီဖြည့်ရကြောင်းဆိုတယ်။
သုတ္တနိပါတအဋ္ဌကထာ(သုတ္တနိ-ဋ္ဌ ၁၊ ၄၃)နဲ့ အပဒါနအဋ္ဌကထာ(အပဒါန-ဋ္ဌ ၁၊၉၅)တွေမှာတော့-
(၁) ပညာအထူးပြု ဘုရားရှင်တွေက လေးအင်္ချေနဲ့ ကမ္ဘာတစ်သိန်း
(၂) သဒ္ဓါအထူးပြု ဘုရားရှင်တွေက ရှစ်အသင်္ချေနဲ့ ကမ္ဘာတစ်သိန်း
(၃) ဝီရိယအထူးပြု ဘုရားတွေက ၁၆အသင်္ချေနဲ့ ကမ္ဘာတစ်သိန်းကြာအောင် ပါရမီဖြည့်ရကြောင်းနဲ့ ဂေါတမဗုဒ္ဓဟာ ပညာအထူးပြုဗုဒ္ဓဖြစ်ကြောင်းဆိုတယ်။
ဒီကျမ်းတွေမှာ ဗုဒ္ဓရှင်တော်မြတ်က အရှင်အာ နန္ဒာကို မိန့်ကြားတဲ့ အနေနဲ့ဆိုပေမယ့် ဒီအဆိုပါဠိတော်မူရင်းကို နိကာယ်ငါးရပ်မှာ ရှာမတွေ့တာကတော့ ထူးခြားတယ်။ ပြီးတော့ ဒီကျမ်းဂန်တွေမှာ ဂေါတမဗုဒ္ဓ ပါရမီဖြည့်ခဲ့တဲ့ ဘုရားရှင်တွေရဲ့ အရေအတွက်ကို အတိအကျမဖော်ပြဘူး။ ဒီအဋ္ဌကထာကျမ်းတွေကို ယေဘုယျအနေနဲ့ အေဒီ ၅ရာစုနဲ့ ၆ရာစုမှာ ရေးခဲ့ တာဖြစ်လို့ အဲဒီခေတ်အထိ သမ္ဗုဒ္ဓေ (ဂေါတမဗုဒ္ဓပါရမီဖြည့်တဲ့ဘုရား) အရေအတွက် မတိကျသေးဘူး လို့ ဆိုနိုင်မလားပဲ။
သမ္ဗုဒ္ဓေ သဲလွန်စ
ယိုးဒယားနိုင်ငံမှာရေးတဲ့ သောတတ္ထကီမ ဟာနိဒါန(ပါဠိဘာသာ)ကျမ်း(PTS, London, p. 4, 5)နဲ့ ဇိနကာ လမာလီ(ပါဠိဘာသာ)ကျမ်း (PTS, London, p. 5, 24)တွေမှာတော့ -စိန္တိတံ သတ္တ သင်္ချေယျံ၊ နဝ သင်္ချေ ယျဝါစကံ။ ကာယဝါစာ စတုချာတံ၊ ဗုဒ္ဓတ္တံ သမုပါဂမိ။
ဘုရားဖြစ်ဖို့ စိတ်ကကြံစည်တာ ခုနစ်အသင်္ချေ၊ စိတ်ရောနှုတ်ပါ ပါရမီဖြည့်တာ ကိုးအသင်္ချေ၊ ကိုယ်နှုတ်နှ လုံးသုံးပါးစလုံးနဲ့ ပါရမီဖြည့်တာ လေးအသင်္ချေ၊ စုစုပေါင်း ၂ဝအသင်္ချေနဲ့ နောက်ထပ်ကမ္ဘာ တစ်သိန်းကြာ
အောင် ပါရမီဖြည့်ပြီးမှ ဗုဒ္ဓအဖြစ်ကိုရတယ်လို့ ဆိုတယ်။
ဒါ့အပြင် ပါရမီဖြည့်ခဲ့တဲ့ ဘုရား ရှင်အရေအတွက်ကိုလည်း အတိအကျဖော်ပြတယ်။ စိတ်ကြံ ခုနစ်အသင်္ချေ ကာလကို စတင်ခဲ့တဲ့ဘုရား ရှင်တစ်ဆူ(ပေါရာဏဒီပင်္ကရဘုရား)၊ နှုတ်ပြောစိတ်ကြံ ကိုးအသင်္ချေ ပါရမီဖြည့် ကာလအတွင်း ၁၂၅ဝဝဝ ဆူ၊ ကိုယ်နှုတ်နှလုံးသုံးပါးနဲ့ လေးအသင်္ချေအတွင်း ၃၈၇ဝဝဝ ဆူ၊ ကိုယ်နှုတ်နှ လုံးသုံးပါးနဲ့ ပါရမီဖြည့် တဲ့ ကမ္ဘာတစ်သိန်းမှာ ၂၇ဆူ၊ သမ္ဗုဒ္ဓေ(ပါရမီဖြည့်ခံဘုရားရှင်) စုစုပေါင်း ၅၁၂ဝ၂၈ ဆူ ဖြစ်ပါတယ်။
ဒါ့အပြင် ပါရမီဖြည့်ခဲ့တဲ့ ဘုရားရှင်အရေအတွက်ကိုလည်း အတိအကျဖော်ပြတယ်။ စိတ်ကြံ ခုနစ် အသင်္ချေ ကာလကိုစတင်ခဲ့တဲ့ ဘုရားရှင်တစ်ဆူ (ပေါရာဏဒီပင်္ကရဘုရား)၊ နှုတ်ပြောစိတ်ကြံ ကိုးအသင်္ချေ ပါရမီဖြည့် ကာလအတွင်း ၁၂၅ဝဝဝဆူ၊ ကိုယ်နှုတ်နှလုံးသုံးပါးနဲ့ လေးအသင်္ချေအတွင်း ၃၈၇ဝဝဝ ဆူ၊ ကိုယ်နှုတ်နှလုံး သုံးပါးနဲ့ ပါရမီဖြည့်တဲ့ကမ္ဘာတစ်သိန်းမှာ၂၇ဆူ၊ သမ္ဗုဒ္ဓေ(ပါရမီဖြည့်ခံဘုရားရှင်) စုစုပေါင်း ၅၁၂ဝ၂၈ ဆူဖြစ် ပါတယ်။
(အရှင်ကေလာသ ဆရာတော်၏ ဝက်ဘ်ဆိုက်မှ ကူးယူဖော်ပြပါသည်။)
Yangon Media Group

မှတ်ချက်များ