၂၀၁၃ အကယ်ဒမီ ရွှေကြိုတွေအတွက် ၀တ်စုံဒီဇိုင်းဖန်တီးပေးမဲ့ ဒီဇိုင်နာမျိုးမင်းစိုး

ဒီဇိုင်းပညာနဲ့ပတ်သက်ရင် မိခင်ဖြစ်သူက လက်ဦးဆရာပါလို့ ရင်ဖွင့်ပြောပြလာသူကတော့ မန္တလာမြို့မှ ပညာရှင် ဒီဇိုင်နာမျိုးမင်းစိုးပဲ ဖြစ်ပါတယ်။ မျိုးမင်းစိုးဟာ ခုဆိုရင် ဒီဇိုင်းပညာသက်တမ်း ၇ နှစ်နီးပါးရှိနေပြီး လက်ရှိ ၂၀၁၅ မှာ မြန်မာ dressing တွေကို ပိုပြီး ချုပ်ရတာ နှစ်သက်လာတယ်လို့ ပြောလာပါတယ်။

ခုလည်း သူက ၂၀၁၃ အကယ်ဒမီရွှေကြိုတွေအတွက် ဒီဇိုင်းတွေ ဖန်တီးချုပ်လုပ်ပေးဖို့ ရှိတာကြောင့် သူ့ရဲ့တီထွင်မှုများနဲ့ ပတ်သတ်ပြီး ခုလိုပဲသွားရောက် တွေ့ဆုံမေးမြန်းကြည့်မိတဲ့ခါ “ဒီအကယ်ဒမီပေးပွဲမှာတော့ ဗန်းကိုင် အယောက်၂၀ကို အစ်ကိုတို့ ဒီဇိုင်နာ ၃ယောက် ပေါင်းပြီးချုပ်မယ်။ အရင်နှစ်တွေကတော့ အသားမဖော်ရတာတွေ ရှိတယ်။ ဒီနှစ်ကတော့ အဲ့ဒီမူကို ပြောင်းပြီး ကြည့်လိုက်ရင် မရိုင်းပဲနဲ့ယဉ်ယဉ်လေးနဲ့လှအောင် အစ်ကိုတို့၃ ယောက်ဖန်တီးပေးမှာပါ။

ဗန်းကိုင်တွေအပြင် တခြားအနုပညာရှင်တွေဖြစ်တဲ့ ရွှေမှုန်ရတီ၊ မိုးယုစံ၊ နန်းဆုရတီစိုး၊ ယုသန္တာတင်၊ စံရတီမိုးမြင့်၊ မိုးပြည့်ပြည့်မောင်၊ မျိုးသန္တာထွန်း၊ ကိုရန်အောင်၊ ရဝေအောင် တို့ကို ချုပ်ပေးရမှာပါ။ ၁၀
ယောက်ကျော်လောက်ရှိတယ်။ သူတို့ကို ကျတော့ မြန်မာဆန်ဆန်နဲ့ဗမာပုံပဲ ဖန်တီးပေးဖြစ်မှာပါ။”လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်ကလည်း ဗန်းကိုင်တွေအတွက် သူတစ်ယောက်တည်းချုပ်တာမို့လို့ ဒီနှစ်နဲ့ ဘာကွာခြားမလဲဆို တာကိုတော့ သူက “ဘာပဲဖြစ်ဖြစ် ဒီနှစ်ကတော့ အစ်ကိုတို့၃ ယောက်ပေါင်းပြီး ဖန်တီးမယ်ဆိုတော့ ထူးခြားမှာပါ။ အခုခေတ်ကလဲ မြန်မာဝတ်စုံတွေ အရမ်းဝတ်ကြတဲ့ခေတ်ဆိုတော့ ရယ်ဒီမိတ်တွေ သိပ်မ ၀တ်ကြတော့ဘူး။ ဒီဇိုင်တွေချုပ်ပေးတာကို ဗမာဆန်ဆန်လေး ၀တ်လာကြတယ်။ အဲ့ဒီတွက်လဲ အတိုင်းမ သိဝမ်းသာမိတယ်။ ကိုယ့်ဒီဇိုင်နာလောကအတွက် ပိုပြီး တီထွင်ဖန်တီးပေးလို့ကောင်းလာမယ်ပေါ့။ မြန် မာဝတ်စုံဝတ်ရတဲ့ Feeling ကို ခု ခေတ်တော်တော်များများ သဘောကျလာကြတယ်”တဲ့။

ခင်ဆွေသက် | Trend Myanmar


မှတ်ချက်များ