မြန်မာနိုင်ငံတွင် တောဆင်ရိုင်းများကို ပထမဆုံးအကြိမ်အဖြစ် ဒီဇင်ဘာလ ပထမပတ်မှစ၍ GPS စက်များ တပ်ပေးလျက်ရှိကြောင်း သစ်တောရေးရာ ဝန်ကြီးဌာနမှ ဦးစီးအရာရှိ Dr. ဇော်မင်းဦးက ပြောကြားသည်။
တောဆင်ရိုင်းများ တရားမဝင် သတ်ဖြတ်ရောင်းဝယ်ခြင်းနှင့် တောဆင်ရိုင်းများ၏ ရန်မူခြင်းမှ ကာကွယ်နိုင် ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်အတွင်း သွားလာကျက်စားနေသော ထီးအိုးခေါ်အ ကြီးဆုံး တောဆင်ရိုင်းကြီးများ၏ လည်ပင်းတွင် ရေဒီယိုကော်လာ GPS များကို အမေရိကန်နိုင်ငံ Smithsonian Conservation and Biology Institute (SCBI) အဖွဲ့၊ သစ်တောဦးစီဌာနနှင့် မြန်မာ့သစ် ထုတ်လုပ်ရေး ဦးစီးဌာနတို့ ပူးပေါင်းတပ်ဆင်ပေးခြင်း ဖြစ်ကြောင်း စက်တပ်ဆင်ရေး အဖွဲ့ကို ဦးဆောင်သူ ၎င်းက ဆက်လက်ပြောကြားသည်။
တောဆင်ရိုင်းကြီးများ သွားလာနေထိုင်သော နေရာများကို အဖွဲ့ဝင် လူ ၂၀ ဦး၊ သစ်ထုတ်လုပ်ရေးမှ ခိုင်း ဆင် ခြောက်ကောင်တို့ဖြင့် လိုက်လံရှာဖွေပြီး တွေရှိသည့်အခါ မေ့ဆေးသေနတ်ဖြင့် ပစ်၍ ဆင်၏လည်ပင်း တွင် ရေဒီယိုကော်လာ စက်လည်ပတ်များ တပ်ဆင်ပေးခဲ့ရာတွင် ဒီဇင်ဘာ ၆ ရက်က တောဆင်ရိုင်းတစ်
ကောင်ကို စက်တပ်ဆင် ပြီးစီးကြောင်း၊ နောက်ထပ် တောဆင်ရိုင်းများ ရှာဖွေလျက်ရှိကြောင်း၊ မိမိတို့ အဖွဲ့ သည် တိုက်ကြီးမြို့နယ်အတွင်း တောဆင်ရိုင်း လေးကောင်ကိုသာ တပ်ဆင်ပေးမည် ဖြစ်ကြောင်း ဦးဆောင်သူမှ ရှင်းပြသည်။
“ဆင်ရိုင်းတွေကို တပ်ဆင်ဖို့ ပထမဦးဆုံး ခိုင်းဆင်တစ်ကောင်နဲ့ စက်တပ်တဲ့ နည်းတွေကို အဖွဲ့သားတွေကို
လေ့ကျင့်ပေးရပါတယ်။ စက်တပ်ဆင်ပြီးတဲ့ ဆင်ရိုင်းတွေရဲ့ စားကျက်မြေ ဧရိယာ၊ သွားလာတဲ့ ဧရိယာ၊ လူနေအိမ် ဖျက်ဆီးတဲ့ အခြေအနေ၊ ဒေခံတောင်သူတွေရဲ့ စိုက်ပျိုးပင် ဖျက်ဆီးတဲ့ အခြေအနေတွေကို SCBI ဂြိုဟ်တု (Satellite) ကနေ အချိန်နဲ့ တစ်ပြေးညီ လေ့လာပြီး မြန်မာနိုင်ငံကို သတင်းပေးနေမှာ ဖြစ် ပါတယ်” ဟု SCBI အဖွဲ့ခေါင်းဆောင် Dr. Peter Leimgrube က ဆိုသည်။
ပဲခူးရိုးမ အနောက်ခြမ်း တိုက်ကြီးမြို့နယ်အတွင်း တစ်နှစ်လျှင် တောဆင်ရိုင်းများကြောင့် လူလေးဦးထက် မနည်း သေဆုံလေ့ ရှိသည့်အပြင် ရိုးမတောင်ခြေရှိ ရွာများရှိ လူနေအိမ်များနှင့် စပါးပင်များ ဖျက်ဆီးခံရမှု များ နှစ်စဉ်ကြုံတွေ့လေ့ ရှိကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
The Voice

မှတ်ချက်များ