လက်ပြတ်သည်အထိ ထိခိုက်မိသူများ အချိန်မီဆေးရုံရောက်လျှင် အကောင်းအတိုင်းပြန်ရနိုင်


လုပ်ငန်းခွင်အတွင်း မတော်တဆထိခိုက်မှုများကြောင့် လက်ချောင်း၊ လက်ဖျံနှင့် လက်မောင်းများ ပြတ်
တောက်ခဲ့လျှင် အချိန်မီရောက်ရှိပါက အကောင်းပကတိပြန်ဖြစ်နိုင်ကြောင်း ရန်ကုန်ဆေးရုံကြီးမှ လက်ခွဲ စိတ်အထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာခင်မောင်မြင့်က ပြောကြားသည်။

ပြတ်နေသောလက်ကို ပလတ်စတစ်အိတ်ဖြင့် လေလုံအောင်ထည့်ကာ ရေခဲဘောက်စ်(Box)ထဲ၌ ရေခဲများ အုံပြီး ခြောက်နာရီအတွင်း ရန်ကုန်ဆေးရုံကြီးသို့ ယူဆောင်လာရမည်ဖြစ်သည်။ စမ်းသပ်မှုအရ ရေခဲရိုက် ထားသောလက်သည် နာရီ ၃၀ ကြာ ထိန်းသိမ်းထားနိုင်ကြောင်း သိရသည်။

‘‘လက်ပြတ်ခဲ့ရင် ပြတ်နေတဲ့လက်ကို ပလတ်စတစ်အိတ်နဲ့ထည့်ပြီး လူနာနဲ့အတူ ခြောက်နာရီအတွင်း အရောက်လာနိုင်မယ်ဆိုရင် အကောင်းပကတိ ပြန်ဆက်နိုင်တယ်။ ဒါပေမဲ့ လက်ကို အေးခဲအဆင့်တော့
ရောက်မသွားအောင်လို့ သတိထားပြီး ယူလာရမှာဖြစ်ပါတယ်’’ဟု ပါမောက္ခဒေါက်တာခင်မောင်မြင့်က
ပြောကြားသည်။

ထို့ပြင် လက်မပြတ်သွားပါက အဆိုပါလက်မနေရာ၌ ခြေညှိုးဖြတ်၍ အစားထိုးခြင်းများကိုပါ လုပ်ဆောင်ပေး လျက်ရှိပြီး နိုင်ငံခြား၌ လက်ပြန်ဆက်ခြင်းနှင့် အစားထိုးခြင်းများကို လုပ်ဆောင်မည်ဆိုပါက သယ်ယူစရိတ်
နှင့် ဆေးဝါးခမှာ ကျပ်သိန်းတစ်ရာခန့် ကုန်ကျနိုင်သည်။ မြန်မာနိုင်ငံတွင် ယခုကဲ့သို့ လုပ်ဆောင်ပေးနိုင်
ခြင်းဖြင့် အချိန်နှင့်ကုန်ကျစရိတ် များစွာသက်လာလာမည် ဖြစ်သည်။

မြန်မာနိုင်ငံတွင် ပါမောက္ခဒေါက်တာမျိုးမြင့်က ၁၉၇၉ မှစ၍ ပထမဆုံးအကြိမ် လက်ပြတ်များကို ပြန်ဆက် ခဲ့သည်။ ထို့နောက် ၂၀၀၀ ပြည့်နှစ်မှစ၍ ယခုအချိန်အထိ လူပေါင်း ၃၈ ဦး၏ ပြတ်နေသောလက်များကို အစားထိုးခြင်း၊ပြန်ဆက်ပေးခြင်းတို့တွင်သာမက တာဝန်ယူလှုပ်ရှားနိုင်သည်အထိ အောင်မြင်စွာလုပ်
ဆောင်နိုင်ခဲ့ကြောင်း ရန်ကုန်ဆေးရုံကြီး၏ လူနာမှတ်တမ်းအရ သိရသည်။

ယမင်း | 7day

မှတ်ချက်များ