ကန်စွန်းခင်းများ ဖျက်သိမ်းနေသောကြောင့် ကန်စွန်းရွက်ဈေးခုန်တက်


ရန်ကုန်မြို့တွင် စီမံကိန်း အချို့ကြောင့် ကန်စွန်းခင်းအချို့ကို ဖျက်သိမ်းနေပြီး ထပ်မံ၍လည်း ဖျက်သိမ်းရန် ရှိသောကြောင့် အ ခင်းရှားပါးလာကာ ကန်စွန်းရွက် ဈေးနှုန်းမြင့်တက်လာသည်။

ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီ၏ ရေကြီး ရေလျှံပပျောက်ရေး၊ အိုးအိမ်၊ မြန်မာ့မီးရထားနှင့်
ကျောင်းဝန်းကျင်သာ ယာရေး စသည့်စီမံကိန်းများ ကြောင့် ယခုသုံးလအတွင်း မြို့နယ် အ ချို့ရှိ ကန်စွန်း
ခင်း အမြောက် အမြားပျောက်ကွယ်ခဲ့ ပြီး စိုက်ပျိုးသူများလည်း အခက် တွေ့နေ သည်။ ကန်စွန်းခင်းများကို လက်ရှိတွင် မြောက်ဥက္ကလာပ၊ တောင်ဥက္ကလာပ၊ သင်္ဃန်းကျွန်းစ သည့် မြို့နယ်များ၌ အဓိက စိုက်ပျိုးနေ ပြီး ဆင်ခြေဖုံးမြို့နယ် အများစုတွင် လည်း ကန်စွန်းခင်းများရှိသည်။

မြို့နယ်တစ်မြို့နယ်လျှင် ပျမ်းမျှဧက ၁၀၀ ခန့် ဖျက်ဆီးရ ပြီး ထပ်မံဖျက်သိမ်းရန် ညွှန်ကြား မှုများရှိသည်ဟု ယင်းမြို့နယ်များမှ ကန်စွန်းစိုက်သူများက ပြောသည်။

သုံးလအတွင်း မြောက်ဥက္က လာပမြို့နယ်ရှိ ကန်စွန်းခင်း ဧက ၂၀၀ ခန့် ဖျက်သိမ်းပေးခဲ့ရသည်ဟု ယင်းမြို့ နယ်အတွင်း ကန်စွန်း စိုက်သူများက ဆိုသည်။ ‘‘မြောက် ဥက္ကလာပမှာ ကန်စွန်းခင်းမရှိသ လောက်ဖြစ်နေ ပြီ။ ကိုယ်ပိုင်မြေ မဟုတ်တော့လည်း ကိုယ့်ကန်စွန်းတွေကို ဖျက်ဆီးသွားတာ လက်ပိုက်ကြည့်နေရတယ်’’ ဟု ကန်စွန်း ခင်းပိုင် ရှင်ဟောင်း ဦးမြင့်ရွှေက ပြောသည်။

အရှေ့ပိုင်းခရိုင်တွင် ရေကြီး ရေလျှံပပျောက်ရေးစီမံကိန်းအရ ကန်စွန်းခင်းဧကအများအပြားကို ဖယ်ရှားပြီး အနောက်ပိုင်းခရိုင်နှင့် မြောက်ပိုင်းရှိ ကန်စွန်းခင်းများကို ဖယ်ရှားရန် စီမံချက်ရှိသည့်အ ကြောင်း အရှေ့ပိုင်း ခရိုင်လမ်းနှင့် တံတားအဖွဲ့မှ အင်ဂျင်နီယာ ဒေါ်ချိုချိုသန်းက ပြောသည်။ ကန် စွန်းရွက်ဈေးကြီးလာတယ် ဆိုပေမယ့် မတတ်နိုင်ဘူးလေ။ ကိုယ် လည်း ကန်စွန်းကြိုက်တာပဲ’’ဟု ဒေါ်ချိုချိုသန်းက ဆိုသည်။

လက်ရှိကန်စွန်းစိုက်သူများ မှာ အစိုးရမြေပေါ်တွင် သက်ဆိုင် ရာမြို့နယ်အုပ်ချုပ်ရေးမှူးများနှင့် မြို့နယ် စည်ပင်ကို အခွန်ပေးပြီး စိုက်ရခြင်းဖြစ်၍ သက်ဆိုင်ရာ စီမံကိန်းများပြုလုပ်ချိန်၌ ဖျက် သိမ်းပေးရမည်ဖြစ်
ကြောင်း၎င်း က ဆက်လက်ပြောသည်။

ကန်စွန်းခင်းများ ရှားပါးလာ သောကြောင့် ကန်စွန်းဈေးမှာ လည်း ယခုသုံးလအတွင်း သုံးဆ ခန့်မြင့်တက် လာခဲ့သည်။ ဈေးအချို့တွင် သုံးစည်းလျှင် ကျပ်တစ်ထောင်နှုန်းရှိနေပြီး ယခင်ကဈေးငယ်များ၌ တစ်စည်း တစ်ရာသာပေးရသော်လည်း တဖြည်းဖြည်းဈေးတက်လာကာ ယခု အခါ တစ်စီးသုံးရာခန့်ဖြင့် ၀ယ် ယူရ သည်ဟု ရွှေပြည်သာနေ ဒေါ်အေးအေးပွင့်က ဆိုသည်။

‘‘ကန်စွန်းရွက်က အခုသူဌေး စာဖြစ်နေပြီ။ တစ်စည်းတည်းနဲ့ လည်း ဟင်းမဖြစ်ဘူး။ တစ်မိသား စုလုံးအ တွက်ဆို သုံးစည်းလောက်မှ လောက်တာ’’ဟု ၎င်းက ပြော သည်။

‘‘ကန်စွန်းရွက်ဆိုတာ အခြေ ခံအကျဆုံးအစားအစာလေ။ ကန် စွန်းရွက်မှ ဈေးတက်နေရင်ဘာ သွားစားရမ လဲ။ အသား၊ ငါးတွေ ကလည်း ဈေးတက်နေတာ’’ဟု မြောက်ဥက္ကလာပနေ ဒေါ်ပူစူးမ က ပြောသည်။

ကန်စွန်းရွက်ဈေးတက်၍ စားသောက်ဆိုင်အချို့တွင် ကန် စွန်းရွက်ကြော်ဈေး ပြောင်းလဲ သွားကြောင်း NEW STORY စား သောက်ဆိုင်မှ ကိုပြည့်စုံက ပြော သည်။ ရန်ကင်းရှိ ကိုခိုင်ကြီးစား သောက်ဆိုင်မှ ကိုမင်းဝေက လည်း ‘‘၀ယ်သူနည်းမှာစိုးလို့ ဈေး တက်ပြီး မရောင်းပေမယ့် ပမာဏ တော့ နည်းနည်းလျှော့ ထည့်ရတယ်။ဒါမှ ကိုက်တာလေ’’ဟုပြောသည်။

ဟိန်းသာ | 7day


မှတ်ချက်များ