ရှမ်းမြောက်တွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွား
အစိုးရတပ်မတော်နှင့် ကေအိုင်အေအပါအ၀င် မဟာမိတ်တပ်ပေါင်းစုတို့ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဒီဇင်ဘာ ၁၁ ရက်နှင့် ၁၂ ရက်များက တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
အစိုးရတပ် ခမရ (၂၁၃) က ဒီဇင်ဘာ ၁၁ ရက်တွင် နယ်မြေလုံ ခြုံရေးဆောင်ရွက်နေစဉ် ကချင် လွတ်လပ်
ရေးတပ်မတော်(KIA) မှ အင်အား ၆၀ ခန့်က ချုံခိုတိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကူလိုက်သွား သည့် ခမရ (၂၁၅) ကို ကေအိုင် အေနှင့် ပူးပေါင်းအင်အား ၅၀၀ ခန့်က မုန်းပေါ်လေးနှင့် နမ့်ကျွဲ ကျေးရွာကြားတွင် ထပ်မံတိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အမည်မ ဖော်လိုသူ မြန်မာ့တပ်မတော် အရာရှိတစ်ဦးကဆိုသည်။
ဒီဇင်ဘာ ၁၂ ရက်က တပ်မ တော်စစ်ကြောင်းများနှင့် ကေ အိုင်အေပူးပေါင်းမဟာမိတ်အဖွဲ့ တို့ တိုက် ပွဲများဆက်လက်ဖြစ်ပွား ခဲ့ကာ ခမရ (၂၁၅) မှာ ပိတ်မိနေ ပြီး ထိခိုက်ကျဆုံးမှုများရှိကြောင်း ၎င်းကပြော သည်။
‘‘ကျသွားတဲ့ တပ်မတော် သားမိသားစုတွေကို အားပေးဖို့တိုင်းမှူးနဲ့ တပ်မမှူး ထွက်သွားပါပြီ’’ဟု အထက်ပါ အရာရှိက ဒီဇင် ဘာ ၁၂ ရက် ညတွင် ပြောသည်။
အဆိုပါသတင်းနှင့် ပတ် သက်၍ ကေအိုင်အေပဋိပက္ခ ညှိ နှိုင်းရေးအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီးမရန်ဇော်
တောင်၊ ကေအိုင်အိုအလုပ်အဖွဲ့ ပြောရေးဆိုခွင့်ရှိ သူ ဦးဒေါင်ခါးနှင့် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့(PCG)
တို့ထံအကြိမ်ကြိမ်ဆက်သွယ်မေးမြန်း ခဲ့သောလည်း ဖုန်းခေါ်ဆို၍ မရခဲ့ ။
ပူးပေါင်း မဟာမိတ်အဖွဲ့ တွင် ပါဝင်သည့် တအောင်းအမျိုး သားလွတ်မြောက်ရေးတပ်မ တော် (PSLF/ TNLA)ထံဆက်သွယ်မေးမြန်းခဲ့ရာ ဒီဇင်ဘာ ၁၀ ရက်က အစိုးရတပ်နှင့် နောက်ဆုံးတိုက်ပွဲဖြစ်ပွားခဲ့ခြင်း
ဖြစ်ပြီး ယင်းနောက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိကြောင်းတုံ့ပြန်ခဲ့သည်။
‘‘၁၀ ရက်နောက်ပိုင်းမှာ တိုက်ပွဲတွေဖြစ်တယ်လို့ သတင်း တက်တာမရှိပါဘူး’’ဟုPSLF/TNLA ပြန်ကြားရေး ဌာနအရာရှိတစ်ဦးက ဆိုသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း) တွင် ကေအိုင်အေ၊ TNLA အဓိက ပါဝင်သော မဟာမိတ်တပ်ပေါင်း စုနှင့် ရှမ်းပြည်တပ်မတော် မြောက်ပိုင်း(SSPP/SSA) တပ်ဖွဲ့များ လှုပ်ရှားမှုရှိကြောင်း သတင်း ရရှိသည်။
အောင်သူရ ၊ အောင်ခိုင် | 7day

မှတ်ချက်များ