အဝေးပြေး ကုန်တင်ယာဉ် လုပ်သားများအား ခရီးသွားအာမခံ စတင်ရောင်းချ


အဝေးပြေးကုန်တင် ယာဉ်လုပ်သားများအတွက် ပထ မဆုံးအကြိမ် ခရီးသွား အာမခံ ရောင်းချပေးမည်
ဖြစ်ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံ အဝေးပြေး ကုန် စည်ဝန်ဆောင်မှုလုပ်ငန်းရှင်များ အသင်းနှင့် Global World အာမခံကုမ္ပဏီတို့ ပူးပေါင်း၍ အဆိုပါ အာမခံကို ရောင်းချခြင်းဖြစ်သည်။

‘‘အရင်တုန်းက ကုမ္ပဏီတစ် ခုလာပြီးတော့ ဆွေးနွေးထားတာ ရှိသေးတယ်။ ဒီကုမ္ပဏီက ပထမ ဦးဆုံးပါ’’ ဟု မြန်မာနိုင်ငံအဝေး ပြေး ကုန်စည်ဝန်ဆောင်မှုလုပ် ငန်းရှင်များအသင်းမှ တာဝန်ရှိသူ တစ်ဦးကပြော သည်။

အသင်းအနေဖြင့် ပြီးခဲ့သည့် တနင်္လာနေ့က အလုပ်အမှု ဆောင် ၂၆ ဦးပိုင်သည့် ဂိတ်များတွင် စတင်ရောင်း ချခဲ့ပြီး အခြား ကုန်တင်ယာဉ် လုပ်သားများ အား ဆက်လက်ရောင်းချပေးရန် စီစဉ်ထားကြောင်း ယင်းအ သင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဝေးပြေး ကုန်တင်ယာဉ် လုပ်သားများအတွက် အာမခံ စနစ်မရှိမဖြစ် လိုအပ်ကြောင်းနှင့် နောက်ကုမ္ပဏီ များနှင့် ချိတ်ဆက် ၍ လုပ်သားများအတွက် အခြား အာမခံများလုပ်ဆောင်ပေးသွား မည်ဖြစ်ကြောင်း ၎င်း ကဆက်လက်ပြောကြားသည်။

ခရီးသွားအာမခံကြေးတစ်ခု ကို ကျပ် ၃၀၀ ဖြင့် ရောင်းချမည် ဖြစ်ပြီး လုပ်သားတစ်ဦးကို အများ ဆုံးနှစ်ခု ၀ယ်ယူခွင့်ပြုမည် ဖြစ် သည်။ ကုမ္ပဏီက အာမခံလက် မှတ်တစ်စောင်အတွက် လျော်ကြေးကျပ်သိန်း ၃၀ သတ်မှတ် ထားကြောင်း Global World အာမခံကုမ္ပဏီ ဒုတိယအထွေ ထွေမန်နေဂျာ ဒေါ်ဆန်းလွင်က
ပြောသည်။ အာမခံလက်မှတ် တစ်စောင်သည် ခရီးတစ်ခုအ တွက်သာ အကျုံးဝင်ကြောင်းနှင့် လက်ရှိတွင် အဝေးပြေးကုန်တင် ယာဉ်ဂိတ် ၂၀ ကျော်တွင် စတင် ရောင်းချရန် စီစဉ်ထားပြီး နောက် ပိုင်းတွင် အခြား ဂိတ်များကို ရောင်းချနိုင်ရန် စီစဉ်ထား ကြောင်း၎င်းက ပြောသည်။ ရောင်းချ ပေးသည့် ကုန်တင်ယာဉ်ဂိတ် ကို ၁၀ ရာခိုင်နှုန်းအကျိုးခံစားခွင့်ပေး မည်ဖြစ်ကြောင်း ယင်းကုမ္ပဏီမှ သိရသည်။

‘‘အခုလို အာမခံလုပ်ပြီး မကြာခင်မှာပဲ ရခိုင်ကိုသွားတဲ့ လမ်းကြောင်းမှာ ကားမှောက်တာ ယာဉ်လုပ်သား တစ်ယောက်သေ ဆုံးသွားတာရှိတယ်။ အခုသူ့ကို လျော်ကြေးပေးဖို့အသင်းနဲ့ ကုမ္ပ ဏီဘက်က ဆောင် ရွက်နေတယ်’’ ဟု ထိုအသင်းမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

အဝေးပြေးကုန်တင်ယာဉ် လုပ်သားများအတွက် ခရီးသွား အာမခံလုပ်ဆောင်နိုင်ရန် အထက်ပါအသင်းနှင့် Global World ကုမ္ပဏီတို့သည် ယခုနှစ်သြဂုတ်မှ စတင်၍ လုပ်သားများကို စည်းရုံးခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်တိုင်း ဒေသကြီး အဝေးပြေးကုန်တင်ယာဉ်ဂိတ် လေးရာနီးပါးရှိပြီး ဘုရင့်နောင် ကုန်စည်ဒိုင်တွင် အများဆုံးဖြစ်သည်။

ထွန်းထွန်းမင်း | 7day

မှတ်ချက်များ