နိုဝင်ဘာလ အကောင်းဆုံးဆုများ အဂူရိုနှင့် အလန်ပါဂျူးရရှိ
နိုဝင်ဘာလအတွက် အကောင်းဆုံးနည်းပြဆုကို နယူးကာဆယ်နည်းပြ အလန်ပါဂျူးက ရရှိခဲ့ပြီး အကောင်း ဆုံးကစားသမားဆုကို မန်စီးတီးမှ ဆာဂျီယိုအဂူရိုတို့က ရရှိသွားသည်။
အလန်ပါဂျူး(၅၃)နှစ်သည် နိုဝင်ဘာလအတွင်း လေးပွဲကစားခဲ့ရာ သုံးပွဲအနိုင်ရရှိအောင် စွမ်းဆောင်ခဲ့ပြီး နည်းပြနှစ်ဦးဖြစ်သည့် မော်ရင်ဟိုနှင့် ပယ်လီဂရီနီတို့ကိုကျော်၍ အကောင်းဆုံးဆု ရရှိခြင်းဖြစ်သည်။
မန်စီးတီးတိုက်စစ်မှူး အဂူရိုမှာလည်း ၎င်းပါဝင်ကစားခဲ့သော ပွဲလေးပွဲတွင် သုံးဂိုးသွင်းယူခဲ့သည်။ အာဂျင် တီးနားတိုက်စစ်မှူးသည် မန်ယူနှင့်ပွဲတွင် အနိုင်ဂိုးသွင်းယူခဲ့ပြီး ကျူပီအာနှင့် နှစ်ဂိုးစီ သရေကျခဲ့သောပွဲ တွင် နှစ်ဂိုး လုံး သွင်းယူပေးခဲ့သည်။ ယင်းမှာ အဂူရိုအတွက် တစ်လတာ အကောင်းဆုံး ကစားသမားဆု ဒုတိယအကြိမ် ရရှိခြင်းဖြစ်သည်။
အဂူရိုသည် ပရီးမီးယားလိဂ် ပွဲပေါင်း ၁၅ ပွဲ ကစားထားကာ ၁၄ဂိုး သွင်းယူထားသည်။ လောလောဆယ် တွင်အဂူရိုမှာ ဒဏ်ရာရနေ ပြီး သီတင်းလေးပတ်မှ ခြောက် ပတ်အထိ အနားယူရဖွယ်ရှိသည်။
7day

မှတ်ချက်များ