![]() |
| တက္ကသိုလ်စာသင်ခန်းတစ်ခုအတွင်းမြင်ကွင်း |
ဆရာ မများအဖွဲ့ ချုပ်က ဒီဇင်ဘာ ၁၆ ရက်တွင် ကန့်ကွက်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ် သည်။
အလုပ်သမားအဖွဲ့အစည်း ဥပဒေအရ ဖွဲ့စည်းထားသည့် တက္ကသိုလ်ဆရာ၊ ဆရာမများ သမဂ္ဂများကို ပညာရေးဝန်ကြီး ဌာနက အသိအမှတ်ပြုလက်ခံခဲ့ ခြင်းမရှိဘဲ အမျိုးသားပညာရေး နည်းဥပဒေအတည်ပြု
ပြဋ္ဌာန်းခြင်းမရှိမီ ဝန်ကြီး၏ညွှန်ကြားချက်အရဟုဆိုကာ ယူနီယံဖွဲ့စည်းခြင်း သည် ဆရာ၊ ဆရာမအချင်း ချင်း သွေးကွဲစေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်သည်ဟုယူဆကြောင်း အဆိုပါထုတ်ပြန်ချက်တွင်ဖော်ပြ ထားသည်။
‘‘အခု ဖွဲ့စည်းမယ်ဆိုတဲ့ ဆရာများယူနီယံဆိုတာက ဗဟို က ချုပ်ကိုင်ပြီးတော့ ဝန်ကြီးရဲ့ ညွှန်ကြားချက် အရ ဆိုပြီးတော့ ဖွဲ့စည်းတဲ့ အဖွဲ့အစည်းတွေပါ။ အဲဒါကြောင့်မို့လို့ ကျွန်တော်တို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်က ကန့်ကွက်ကြောင်းတုံ့ပြန်တာပါ’’ဟု မြန်မာ နိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမ များအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးသုတက ပြောသည်။
ပညာရေး ဝန်ကြီးဌာနကဗဟိုဦးစီးစနစ်ဖြင့် ညွှန်ကြားလုပ် ဆောင်ခြင်းသည် ဒီမိုကရေစီ ပညာရေးကိုအ
ထောက်အကူပြုရန် မဟုတ်ဘဲ ဆရာ၊ ဆရာမတို့၏ လွတ်လပ်သော သဘောဆန္ဒကို လျစ်လျူရှုခြင်းဖြစ်ပြီး လွှတ်တော် နှင့်အစိုးရက အကောင်အထည် ဖော်ဆောင်ရွက်နေသော ဒီမိုကရေစီလမ်းစဉ်နှင့်ပါ ဆန့်ကျင်
နေသောကြောင့် ဤလုပ်ဆောင်မှုများအတွက် မြန်မာနိုင်ငံလုံးဆိုင် ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်ကအ
ပြင်းအထန် ကန့်ကွက်လိုက် ကြောင်း ထုတ်ပြန်ချက်တွင်ဖော် ပြထားသည်။
‘‘အခု လောလောဆယ်က နိုင်ငံခြားဘာသာ တက္ကသိုလ် (UFL)မှာစလုပ်နေတယ်။ တခြား ဌာနတွေမှာ လည်း ညွှန်ကြားထား တယ်ပြောတယ်။ အခု စိန်ရတု ခန်းမမှာ အဆင့်မြင့် ပညာရေး ဥပဒေမူကြမ်းကို
ဆွေးနွေးတယ်။ ကျောင်းအလိုက် ဆွေးနွေးပွဲတွေ လုပ်ဖို့ရှိတယ်။ မလုပ်ခင် ကျောင်း သားသမဂ္ဂနဲ့ ဆရာ သမဂ္ဂဖွဲ့စည်း ဖြစ်ဖို့လိုတယ်။ ပြီးရင် သူတို့တွေနဲ့ ပြန်ပြီးတော့ ဆွေးနွေးပြီးတော့ သူတို့တွေ ကသဘော တူပါတယ် ဆိုပြီးတော့ လုပ်နိုင်ဖို့အတွက် အခုလို လုပ်နေကြတာပါ’’ ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်အတွင်းရေး မှူး ဒေါက်တာ အာကာမိုးသူက ပြောသည်။
ရန်ကုန်မြို့နှင့် မန္တလေးမြို့ အပါအဝင် အခြားမြို့များရှိ တက္က သိုလ်များတွင် တက္ကသိုလ်ဆရာ၊ ဆရာမများ သမဂ္ဂ ၁၄ ခုကို ၂၀၁၂ တွင် စတင်ဖွဲ့စည်းထားခဲ့ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်ကို ယခုနှစ် မေလအတွင်းက တက္ကသိုလ် ဆရာများသမဂ္ဂ (UTA)များမှ ဆရာများကို အခြေခံ၍ စတင်ဖွဲ့စည်း ခဲ့ကာ အဖွဲ့ဝင်ဆရာ၊ ဆရာမ အင်အား ၇၀၀ ကျော်ရှိသည်။
ဇော်မျိုးလှိုင် | 7day

မှတ်ချက်များ