စားသမျှကို အွန်လိုင်းပေါ် ရိုက်တင်နေတာကြောင့် ရည်းစားက လမ်းခွဲ


စိတ်လိုလက်ရရှိရင် ကိုယ်စားနေတဲ့ အစားအစာတွေကို ဓာတ်ပုံရိုက်ပြီး ဆိုရှယ်မီဒီယာတွေပေါ်တင်တာ သိပ်အဆန်းကြီးတော့ မဟုတ်တော့ပါဘူး။ဒါပေမဲ့ ဒီလိုရိုက်ပြီးတင်တာကို အကျင့်တစ်ခု လိုဖြစ်နေတဲ့ တရုတ်နိုင်ငံက အမျိုးသမီးတစ်ဦးကတော့ သူ့ကောင်လေးနဲ့ လမ်းခွဲခဲ့ရပါတယ်။

ဒေသတွင်းမီဒီယာတစ်ခုကို ကိုးကားပြီး chinadaily ရဲ့ ဖော်ပြချက်အရ အမျိုးသမီးဟာ ဟူနန်ပြည်နယ် Loudi မြို့က ဖြစ်ပါတယ်။သူမဟာ ကောင်လေးမိဘတွေနဲ့ ပထမဆုံးအကြိမ် တွေ့ဆုံဖို့အတွက် ညစာစား မယ့်ဆိုင်ကိုသွားခဲ့ပါတယ်။

ညစာ စစားတဲ့အချိန်မှာ သူမဟာ ယောက္ခမလောင်းတွေနဲ့ ရင်းနှီးအောင် လုပ်ရမယ့်အစား ပြင်ထားတဲ့ဟင်း ပွဲတွေကို ဓာတ်ပုံတွေ ကျကျနနရိုက်ပါတယ်။ဓာတ်ပုံရိုက်ပြီးတဲ့အခါ WeChat မှာ ရှယ်ယာလုပ်ပါတယ်။ သူငယ်ချင်းတွေက လိုင်းပေါ်ရှိနေတာကြောင့် စကားပြော ရပါသေးတယ်။

အားလုံးပြီးဆုံးတဲ့အခါမှာ စုစုပေါင်းကြာချိန်ဟာ ၁၅ မိနစ်လောက် ရှိပါတယ်။ယောက္ခမလောင်းတွေဟာ ချွေးမလောင်းရဲ့ အပြုအမူကို စိတ်ဆိုးသွားခဲ့ပြီး သူမရဲ့ကောင်လေးဟာလည်း သူတို့ရဲ့ ဆက်ဆံရေးကို အဆုံးသတ်သွားခဲ့ပါတယ်။

ဖိုးသူတော်

မှတ်ချက်များ