![]() |
| ပုံ-Father Land ကြိုပွိုင့်တိုက်ခန်းဝယ်ယူထားပြီး အခန်းမရရှိသေး၍ တရားခွင်သို့ လာရောက်ခဲ့သူများ |
ဦးကျော်မြင့်သည် ကျန်းမာရေး မကောင်း၍ ဆေးရုံတက်နေရသည်ဟု အကြောင်းပြခဲ့ပြီး မည်သည့်ဆေးရုံ တွင် တက်ရောက်ကုသနေသည်ကို ၎င်း၏ ရှေ့နေက ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိခဲ့ပေ။''သူက ဘယ်
ဆးရုံးမှာ တက်တယ်ဆိုတာလဲ မပြောနိုင်လို့ အာမခံရုပ်သိမ်းတာ''ဟု တရားလိုရှေ့နေ ဒေါ်ဆွေဆွေငြိမ်းက ပြောသည်။
တရားရုံးမှ နံနက် ၁၀ နာရီခွဲတွင် ချိန်းဆိုခဲ့သော်လည်း ဦးကျော်မြင့်ဘက်မှ မလာရောက်၍ မွန်းတည့် ၁၂ နာရီ ထပ်မံ ချိန်းဆိုခဲ့ကာ အာမခံရုပ်သိမ်းရန် တရားရုံး က ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။Father Land
ကုမ္ပဏီထံမှ တိုက်ခန်းကြိုပွိုင့်စနစ်ဖြင့် ၀ယ်ယူထားသူများ၊ တိုက်ခန်းမရရှိသူများနှင့် မြေပိုင်ရှင် အများ အပြားကလည်း အဆိုပါ တရားရုံးသို့ စုပေါင်းရောက်ရှိနေခဲ့ပြီး နစ်နာသူများကလည်း ထပ်မံတရားစွဲသွားမည်ဟု တိုက်ခန်းဝယ်ယူခဲ့သူများက ပြောသည်။
Father Land ဆောက်လုပ်ရေး ကုမ္ပဏီပိုင်ရှင် ဦးကျော်မြင့်အနေနှင့် ကျောက်တံတားတရားရုံးသို့ လာ
ရောက် တရားရင်ဆိုင်ပါက ဖမ်းဆီးရန် ဗိုလ်တထောင်ရဲစခန်း တာဝန်ရှိသူများကလည်း လာရောက်စောင့် ဆိုင်း နေခဲ့သည်။ ဗိုလ်တထောင်ရဲစခန်းမှလည်း ဦးကျော်မြင့်အား အမှုဖွင့်ထားကြောင်း အဆိုပါရဲစခန်း တာဝန်ရှိသူက News Watch ဂျာနယ်သို့ ပြောကြားသည်။
ဦးကျော်မြင့်အား ကျပ်သိန်း ၁၀၀၀ ဖြင့် အာမခံပေးခြင်းအပေါ် နစ်နာနေသူ များဘက်က ဝေဖန်မှုများရှိခဲ့ သည်။ ယင်း ကိစ္စနှင့်ပတ်သက်၍ တရားလိုဦးစိုးမင်း ထက်က ''မြို့နယ်ကနေ ခရိုင်ကိုဆက် တက်ဖို့ စီစဉ်နေပါတယ်''ဟု News Watch ဂျာနယ်သို့ ပြောကြားခဲ့သည်။
လက်ရှိ ဦးကျော်မြင့်အား ဗိုလ်တထောင်ရဲစခန်းမှ အမှုဖွင့်ထားသည့် အပြင် နစ်နာသူများကလည်း ထပ်မံတရား စွဲဆိုမည်ဟု ပြောကြားခဲ့ပြီး ဒီဇင်ဘာ ၃၀ ရက်သို့ ထပ်မံရုံးချိန်း ချိန်းဆိုထားသည်ဟု သိရသည်။
ကိုခက် | News Watch(စောင့်ကြည့်သတင်းဂျာနယ်)

မှတ်ချက်များ