မိကျောင်းကန်ပြည်သူ့အချို့ မြို့တော်ခန်းမ၀င်ပေါက်တံခါးရှေ့ပိတ်ကာ ဆန္ဒပြ

မိကျောင်းကန်ဆန္ဒပြ ပြည်သူ့အချို့သည် ရန်ကုန်မြို့တော်ခန်းမ၀င်ပေါက်တံခါးရှေ့တွင် ပိတ်ကာ ယနေ့ည
နေ ၄ နာရီမှစ၍ ဆန္ဒပြနေကြသည်။

မိကျောင်းကန်ပြည်သူ ၅၀ ကျော်က ၎င်းတို့၏ မြေယာပြဿနာဖြေရှင်းမပေးပါက ဖမ်းဆီးခံမည်ဟု ဆိုကာ မြို့တော်ခန်းမ၀င်ပေါက်ကို ပိတ်ဆို့ကာ ဆန္ဒထုတ်ဖော်နေခြင်း ဖြစ်သည်။ စည်ပင်ရုံးဝန်ထမ်းများမှာ ရုံးဆင်း ချိန်ဖြစ်သောကြောင့် ဆန္ဒပြသောတံခါးမှ မထွက်ဘဲ၊ ကျန်တံခါးမှ အပြင်သို့ ထွက်ကြသည်။

ဆန္ဒပြနေစဉ် မြို့တော်ခန်းမထဲသို့ ရဲတပ်ဖွဲ့ဝင်များ အများအပြားရောက်ရှိလာပြီး ၄ နာရီခွဲတွင် တံခါးပေါက် ပိတ်ဆန္ဒပြနေမှုကို ဖယ်ရှားပေးရန် ပထမအကြိမ်သတိပေးထားသည်ကို တွေ့ရသည်။ထိုသို့ ဆန္ဒပြနေစဉ် တွင်ရန်ကုန်မြို့တော်စည်ပင်ကလည်းမိကျောင်းကန်အထိုင်သပိတ်စခန်းဖွင့်ထားရာ နေရာအနီး၌ ဆောင်း
ဘောက်စ်နှစ်လုံးနှင့် လော်စပီကာ နှစ်လုံးချကာ သီချင်းသံကျယ်လောင်စွာ ဖွင့်ထားသည်ကို တွေ့ရသည်။

ငြိမ်းချမ်း | 7day

မှတ်ချက်များ