ကသာမြို့ မြို့မဈေးတည်ဆောက်ရေးလုပ်ငန်းအပိုင်း(၂) ဈေးနေရာ သတ်မှတ်ထားသော ကသာမြို့ရဲစ ခန်းနေရာတွင် ဈေးဝယ်စင်တာနှင့် ဟိုတယ်အဆောက်အအုံများကို အောင်မြင်သူကုမ္ပဏီက တည်ဆောက် သွားမည်ဖြစ်ကြောင်း ပထမအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်း အဝေး တတိယနေ့ဖြစ်သော ဒီဇင်ဘာ ၅ ရက်တွင် တိုင်းဒေသကြီးစည်ပင်သာယာရေးဝန်ကြီးဌာန ၀န်ကြီး က တင်ပြခဲ့သည်။
‘‘ကသာမြို့တွင် Two Storeyed Shopping Malls နှင့် One Storey Hotel ပေ ၈၀ ပတ်လည် လက်ရှိဆိုင် ခန်းများကို အသစ်ပြန်လည်တည်ဆောက်ပေးမည့် ၉ ပေပတ်လည် နံကပ်တစ်ထပ်ဈေးဆိုင်ခန်း ၅၁ ခန်း၊ ကားပါကင်များနှင့် Common W.C ၂၂ ပေ ×၂၆ ပေ ဆောက်လုပ်ခြင်းလုပ်ငန်းများအား အောင်မြင်သူကုမ္ပ ဏီက အကုန်အကျခံတည်ဆောက်မည့်ကိစ္စအား မှတ်တမ်းတင်ပေးနိုင်ရန် လွှတ်တော်သို့ တင်ပြသွားမှာ
ဖြစ်ပါတယ်’’ဟု စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေး ၀န်ကြီးဦးတင့်လှိုင်မြင့်က ပြော ကြားခဲ့သည်။
ထိုသို့ ရဲစခန်းမြေနေရာတွင် တည်ဆောက်မည်ဖြစ်သဖြင့် မြို့မရဲတပ်ဖွဲ့စခန်းမှာ ပြောင်းရွှေ့ပေးရမည်ဖြစ်
ကြောင်းသိရှိရသည်။
အောင်မြင်သူကုမ္ပဏီကတည်ဆောက်ရေးလုပ်ငန်များအဖြစ် Two Storeyed Shopping Malls နှင့် One Storey Hotel ပေ ၈၀ ပတ်လည် လက်ရှိဆိုင်ခန်းများကို အသစ်ပြန်လည်တည်ဆောက်ပေးမည့် ၉ ပေ ပတ်လည် နံကပ်တစ်ထပ်ဈေးဆိုင်ခန်း ၅၁ ခန်း၊ ကားပါကင်များနှင့် Common W.C ၂၂ ပေ × ၂၆ ပေ
ဆောက်လုပ်ခြင်း၊ ပြောင်းရွှေ့ရမည့် ရဲစခန်းအတွက် ကုမ္ပဏီအစီအစဉ်ဖြင့် ကုန်သွယ်လယ်ယာဌာနပိုင်
မြေနေရာ တစ်ဧကနှင့် မြန်မာ့လျှပ်စစ်ဓာတ်အား ဌာနပိုင်မြေနေရာ တစ်ဧကအပါအ၀င် မြေနေရာတွင် အခမဲ့တည်ဆောက်ပေးခြင်းတို့ဖြစ်သည်။
မျိုးမင်းဦး | 7day

မှတ်ချက်များ