လမ်းဖြတ်ကူးသူ ယာဉ်တိုက်ခံရသဖြင့် သေဆုံး


၁၀.၁၂.၂၀၁၄ ရက်နေ့ ၁၉၃၅ အချိန်တွင် မှော်ဘီမြို့နယ်၊ ရန်ကုန်-ပြည်လမ်း အတိုင်း မှော်ဘီဘက်မှ တိုက်ကြီးဘက်သို့ မောင်းနှင်လာသော 7D---- (၁၃၂) ယာဉ်လိုင်း ရန်ကုန်-တိုက်ကြီး ခရီးသည်တင် ယာဉ်သည် ရေကျော်မှတ်တိုင် အနီးအရောက် စက်ဘီးတွန်း၍ လမ်းဖြတ်ကူးသူ မှော်ဘီမြို့နယ်နေ ကိုအောင်လင်းကျော်၊ (၂၅)နှစ်ကို ၀င်ရောက်တိုက်မိပြီး မောင်းနှင်ထွက်ပြေး သွားခဲ့ပါသည်။

ယာဉ်တိုက်မှုကြောင့် ကိုအောင်လင်းကျော်မှာ ဒဏ်ရာများ ရရှိခဲ့ပြီး အခင်းဖြစ် နေရာတွင် သေဆုံးသွား ခဲ့ပါသည်။

ယင်းသို့ယာဉ်တိုက်မှုဖြစ်ပြီး မောင်းနှင်ထွက်ပြေးသွားသူ ယာဉ်မောင်းအား မှော်ဘီမြို့မ ရဲစခန်း ယာဉ် (ပ) ၈၃/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က/၂၀၂ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါ သည်။

Yangon Police

မှတ်ချက်များ