အမျိုးသမီးများရဲ့အခွင့်အရေးအတွက် အမျိုးသမီးတစ်စု အဝတ်ဗလာဖြင့်ဆန္ဒပြ


ဘရာဇီးနိုင်ငံရဲ့ ကမ်းခြေတစ် နေရာမှာ အမျိုးသမီးတစ်စုတို့ဟာ အဝတ် ဗလာဖြင့်အမျိုးသမီးများရဲ့အခွင့်အ
ရေးအတွက် ဆန္ဒပြခဲ့ကြတယ်လို့ သိရပါ တယ်။

အဆိုပါ အဝတ်ဗလာဖြင့် ဆန္ဒ ပြရခြင်းကတော့ အမျိုးသမီးတို့ရဲ့အခွင့်အရေးရရှိရေးနဲ့ အစိုးရက ချမှတ်ထား တဲ့ ဥပဒေကိုပြောင်းလဲရန်ဖြစ်တယ်လို့ သိရပါ တယ်။

အစိုးရကချမှတ်ထားတဲ့ ဥပဒေ ကတော့ ဘရာဇီးနိုင်ငံရှိ ပင်လယ် ကမ်းခြေတို့တွင် အမျိုးသမီးများကို အပေါ် ပိုင်းအဝတ်ဗလာမဲ့ဖြင့် အပန်းဖြေ မှုကို တားမြစ်ထားတယ်လို့ သိရပါတယ်။ ယခုလို တားမြစ်ပိတ်ပင်ထားမှု ကို ဆန့်ကျင် မှုပြုလုပ်တဲ့အနေနဲ့ ယင်းအမျိုးသမီးတစ်စု တို့ဟာ အပေါ်ပိုင်းအဝတ်ဗလာဖြင့် ဆန္ဒပြ ခဲ့ကြတာ ပဲ ဖြစ်ပါတယ်။

အမျိုးသမီးများရဲ့ လွတ်လပ်စွာ နေထိုင်အပန်းဖြေခွင့်ကို တားမြစ်ပိတ်ပင် ထားတဲ့ဥပဒေကို ပြောင်းလဲမှုပြု လုပ်စေရန် အစိုးရကို အသိပေးမှုပြုလုပ်စေရန် ရည် ရွယ်တယ်လို့လည်း သိရပါတယ်။

ယင်းဆန္ဒပြမှုကို ခေါင်းဆောင် အဖြစ် ပါဝင်ခဲ့တဲ့ ဘာတာယာကယ်ဖိုက တော့ ယခုလိုပြုလုပ်ရတာဟာ ဥပဒေကို ပြောင်းလဲစေချင်ရုံသာမက လွတ်လပ်စွာ နေထိုင်ခွင့်နဲ့ အပန်းဖြေမှုရရှိရန် လှုပ်ရှားမှု တစ်ခုလည်း
ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

Yangon Media Group

မှတ်ချက်များ