နွားထိုးကြီးမြို့ နဲ့ ရွှေမင်းသမီးလေးအကြောင်း
ဖေဖော် ဝါရီ ၃ရက်က နွားထိုးကြီးမြို့ဖျော် ဖြေပွဲတစ်ခုတွင် ပရိသတ်က စင်ပေါ် တွင်လိုက်ဆွဲသဖြင့် ထွက်ပြေးခဲ့ရ သည်ဆိုသည့် သတင်းနှင့်ပတ်သက် ၍ ကာယကံရှင် ရွှေမှုံရတီက အဆိုပါ ပွဲတွင် ပြဿနာတစ်စုံ တစ်ရာမှ မဖြစ်ပွားခဲ့ကြောင်း ယခုလိုပဲပြောပြခဲ့ သည်။
''ဒီလထဲမှာပဲနွားထိုးကြီးပွဲမှာ ရွှေမှုံပြဿနာနည်းနည်းဖြစ်ခဲသေး တယ်ဆိုတာ အဲဒါကမဟုတ်ပါဘူး။ ကောလာ ဟလတစ်ခုပါ။ အဲဒီသတင်း ကိုလဲ ရွှေမှုံကို မမေးဘဲနဲ့ရေးလိုက် တာရှိတယ်။ တကယ်ဆိုရင် အဲဒီ အရေးအ သားကြောင့် ရွှေမှုံနဲ့ ရွှေမှုံ ကိုအားပေးနေကြတဲ့ ပရိသတ်ကြား မှာ အထင်အမြင်လွဲမှားတာမျိုး တွေကြုံရနိုင် ပါတယ်။ ရွှေမှုံဒီလ ၃ရက်နေ့က နွားထိုးကြီးကို သွား ဖျော်ဖြေခဲ့ ပါတယ်။ အဲဒီမှာ ရွှေမှုံ သီချင်းတွေ ဆိုပြီးတော့ ဖျော်ဖြေခဲ့ တယ်။ နွားထိုးကြီးမှာ ဖျော်ဖြေရတာ အရမ်းကို ပျော်စရာကောင်းပါတယ်။
တကယ်ကိုလဲ ရွှေမှုံကို အားပေးခဲ့ ကြတယ်။ ဒါပေမဲ့ရွှေမှုံသီချင်းဆို ရင်းနဲ့ အတိုအပြတ်တွေ ဝတ်လို့ ပရိသတ်တွေနဲ့ ပြဿနာတက်တယ် ဆိုတာကတော့ မဟုတ်ပါဘူး။ ပွဲတစ် ခုမှာ လုံခြုံရေးဆိုတာ ရှိပါတယ်။ လုံခြုံရေးတွေရှိနေရက်သားနဲ့ မြို့ခံ တွေအနေနဲ့လဲ လုပ်ချင်တိုင်းလုပ်လို့ မရပါဘူး။ ပြီးတော့ အဲဒီဖျော်ဖြေပွဲ မှာ ဆိုရင် လုံခြုံရေးတွေလဲ ရှိတယ်။ ရပ် ရွာက တာဝန်ရှိသူတွေ့ပြီးတော့သံဃာ တော်တွေတောင် ထိန်း သိမ်းပေးနေ ကြပါတယ်။
အဲဒီလိုအခြေအနေမျိုးမှာဒီလိုပြဿနာမျိုးရွှေမှုံမဖြစ်ခဲ့ပါဘူး။ တကယ်ဆိုရင် သတင်းတစ် ခုကိုကြားလို့ မီဒီယာ သမားတစ် ယောက်အနေနဲ့ရေးတော့မယ်ဆို ရင် ကာယကံရှင်ကို မေးပြီးတော့ အတည်ပြုသင့်ပါတယ်။တကယ်သာ အဲဒီလိုလှမ်းပြီးတော့ အတည်ပြုမယ် ဆိုရင် ရွှေမှုံက အမှန်အတိုင်းပြော မှာပါ။ အခုတော့ ဘာပြဿနာမှ မဖြစ် ဘဲနဲ့ အခုလိုမျိုးသတင်းတွေထွက်သွား တော့ နွားထိုးကြီးမြို့ကလူတွေကို အားနာဖို့ကောင်း တယ်။ ရွှေမှုံနဲ့ အခုချိန်ထိ ရွှေမှုံကိုအားပေးနေတဲ့ ပရိသတ်တွေကြားမှာ အခုချိန်ထိဘာ ပြဿနာ တစ်ခုမှမဖြစ် ခဲ့ဖူးပါဘူး။အခုလိုမျိုးဘာမှမဟုတ်တဲ့ ကောလာ ဟလ သတင်းတစ်ခုကို မီဒီယာသမား တစ်ယောက်အနေနဲ့ မရေးသင့်ဘူး လို့တော့ရွှေမှုံထင်ပါတယ်။
အခုတစ် ကြိမ်တော့ ရွှေမှုံဘာမှမလုပ်တော့ ပါဘူး။ ဒါပေမဲ့နောက်တစ်ကြိမ်အဲဒီ လိုမျိုး ရွှေမှုံနဲ့ပရိသတ်ကြား မှာအခု လိုမျိုး အထင်အမြင် လွဲမှားအောင် လုပ်မယ်ဆိုရင်တော့ ရွှေမှုံတစ်ခုခု ပြန်လုပ်မှာပါ။ ရွှေမှုံကိုနွားထိုး ကြီး မြို့က လူတွေက နောက်ထပ်ဖျော်ဖြေ ပေးဖို့ဖိတ်ခေါ်ရင်ထပ်သွားဦးမှာပါ။
''အခုလောလောဆယ်ရွှေမှုံ 'ချန် ပီယံလေး'ရုပ်ရှင်ဇာတ်ကားကြီးရိုက် ဖို့အတွက် လက်ခံထားပါတယ်။ ဗီဒီယို ဇာတ်ကားတွေလဲ အဆက်မပြတ် ရိုက်ကူးနေပါတယ်။ အခုချိန်မှာကိုယ့် ကိုယ်ကိုယ် အောင်မြင်မှုဘယ်
လောက် အထိ ရနေပြီးလဲလို့ထင်လဲဆိုတော့ ရွှေမှုံကိုပရိသတ်တွေအားပေးတဲ့အ တွက် ရွှေမှုံ ကျေးဇူးတင် ပါတယ်။ ရွှေမှုံအတွက်ဒီထက်မကအောင် မြင်မှုတွေရဖို့အတွက် ရွှေမှုံကြိုးစား ရဦးမှာပါ။
NN | ဒီမိုကရေစီတူဒေး

မှတ်ချက်များ