လေယာဉ်ပျက်ကျအန္တရာယ်မှ မိမိကိုယ်ကိုယ် ကာကွယ်စောင့်ရှောက် ရန် နည်းလမ်းကောင်းလေးများ


ကမ္ဘာတစ်ဝန်း နိုင်ငံတကာလေကြောင်းလိုင်း များဟာ တစ်နှစ်လျှင် လေယာဉ်စီးခရီး သွားဦးရေ ပျမ်းမျှ သန်းပေါင်း ၂၅ဝဝခန့်ကိုတင်ဆောင်၍ လိုရာခရီးသို့ ပျံသန်းပေးလျက်ရှိပါတယ်။ အဲဒီလိုပျံသန်းရာ မှာ စက် ချွတ်ယွင်းခြင်း၊ ဆောင်းခိုငှက်ပြဿနာ၊ ရာသီဥတု ဆိုးရွားမှု စတဲ့ သဘာဝဘေးအန္တရာယ်တို့သာမက ဘေး ပယောဂကြောင့်လည်း လေယာဉ်ပျက်ကျမှုသတင်းတွေ ကို ကြားသိနေကြရပါတယ်။

လေယာဉ်တစ်စင်းဟာ မြေ ပြင်အထက် ပျမ်းမျှ ပေ ၃၃ဝဝဝ ခန့်အမြင့်မှပျံသန်းရ တာကြောင့် အကယ် ၍ လေယာဉ်မှာအ ရေးပေါ်အခြေအနေမျိုး ကြုံတွေ့လာရတဲ့ အခါ 'သေမလား' 'ရှင်မ လား'နှစ်မျိုးထဲ က တစ်မျိုး ကို အနှေးနဲ့အမြန် ဆိုသလို ရင်ဆိုင်ရလေ့ရှိ ပါတယ်။ သို့သော် အရမ်းကြီး မတုန်လှုပ်လိုက်ပါနဲ့။ သုတေသီ များ၏ ဆန်းစစ်မှုမှတ်တမ်းများ အရ ဖော်ပြပါလေယာဉ်ပျက်ကျ မှုတွေ၏ ပျမ်းမျှ ၉၅ရာခိုင်နှုန်း ဟာ အသက် ရှင်နိုင်တယ်လို့ ဖော် ပြထားပါတယ်။

မည်သို့ပင်ဆိုစေကာမူ မမျှော်မှန်းနိုင်တဲ့အန္တရာယ်အတွက် မိမိကိုယ်ကိုယ် စောင့်ရှောက်စေနိုင်ခြင်းအလို့ငှာ ဆောင်ရန်၊ ရှောင်ရန် လေးများကို ဗဟုသုတ တစ်ရပ်အနေဖြင့် လေ့လာသိရှိနိုင် ကြပါစေကြောင်း အောက်ပါအတိုင်း အကြံပြုရေးသားလိုက် ရပါတယ်။

(၁) ထိခိုက်ဒဏ်ရာလျော့ပါးစေဖို့အတွက် ခန္ဓာကိုယ် တစ်ခုလုံးကို လုံခြုံဖုံးအုပ်ထားသော ဘောင်းဘီရှည်၊ အင်္ကျီ လက်ရှည်တို့ကိုသာ ဝတ်ဆင်ပါ။
(ပုဆိုး၊ ထဘီတို့က လုံခြုံ မှုကိုမဖြစ်စေနိုင်ပါဘူး။)

(၂) အပူလောင်လွယ်တဲ့အလက်စတစ်သား၊ ဆွဲသား၊ နိုင်လွန်သား အဝတ်အထည်တွေကို မဝတ်ပါနှင့်။ ချည်သား (သို့) သိုးမွှေးထည်မျိုးကိုသာဝတ်ဆင်ပါ။ (သိုးမွှေးထည် ၏ ဂုဏ်သတ္တိက ရေပေါ်တွင် ပေါလောပေါ်စေနိုင်တာ ကြောင့် ဖြစ်နိုင်ရင် သိုးမွှေးထည်ကိုဦးစားပေးရွေးချယ်ပါ။)

(၃) အလွယ်တကူ ကျွတ်ထွက်နိုင်သော ခြေညှပ်ဖိ နပ်တွေကိုမစီးပါနှင့်။
အမျိုးသားများက ရှူးဖိနပ်၊ အမျိုးသမီးများက ကြိုး သိုင်းဖိနပ်ကိုသာစီးပါ။ ဖိနပ်တွေကိုဒေါက်အမြင့်ကြီးတွေ မစီးဘဲ သက်သောင့်သက်သာ ဖြစ်စေမယ့်ဖိနပ်မျိုးကိုသာ ရွေးချယ်ပါ။(လောင်စာဆီမှာ ချော်ကျ၍ အရည်ပျော်စေ နိုင်သော သားရေစိမ်းဖိနပ်မျိုးကို ရှောင်ပါ။)။

(၄) လေယာဉ်လက်မှတ်ဘိုကင်ယူတဲ့အခါမှာ ပြတင်း ပေါက်နံဘေး(သို့) exit ထွက်ပေါက်ဘေး (သို့) aisle (ခေါ်) အရှေ့ဘက် လူသွား စင်္ကြံန်ဘေးမှခုံတွေကို ဦးစားပေးမှာ ယူပါ။ ဖြစ်နိုင်ရင် လေယာဉ်၏အနောက်ဘက်အပိုင်းမှ နေရာယူပါ။ (လေ့လာမှုမှတ်တမ်းများအရ လေယာဉ်အမြီး ပိုင်းနေရာမှာ ထိုင်သော ခရီးသည်တွေဟာ အသက်ရှင်နိုင် ခြေအခွင့်အလမ်း ရာခိုင်နှုန်း ၄ဝ ပိုပါတယ်တဲ့။)

(၅) လေယာဉ်ပေါ်ရောက်တဲ့အခါ၊ Safety information card (ခေါ်) အရေးပေါ် အခြေအနေသတင်းအ ချက်အလက်များအကြောင်းဝေငှထားသော ကတ် ပြားကို သေသေချာချာဖတ်ရှုပါ။ (သို့မဟုတ်) လေ ယာဉ်မယ်မှရှင်းပြသော သတင်းအချက် အ လက်တွေကို စူးစိုက် နားထောင်ပါ။(လေ ယာဉ်စီးနေ ကျဖြစ်သူမို့ မိမိအတွက် မထူးဆန်း ပါဘူးလို့ မထင်လိုက်ပါနဲ့။ အမျိုးအစား မတူညီတဲ့ လေယာဉ်တွေမှာ ကွဲပြားခြားနားတဲ့အကြောင်း အရာတွေရှိ တတ်ပါတယ်။)

(၆) အကယ်၍ သင်ဟာ ဝင်ထွက်ပေါက် အနီးထိုင်ရပါက တံခါး၏ အရေးပေါ်ဖွင့်နည်းကို လေ့လာထားပါဦး။ အကယ်၍ သင်ဟာ ဝင်ပေါက်ထွက်ပေါက်နဲ့ဝေးတဲ့ခုံမှာ နေရာရပါက ထိုထွက်ပေါက်နှင့် သင့်ထိုင်ခုံကြား အကွာ အဝေး ခုံတန်းအရေအတွက်ကို အမှတ်စဉ် ရေတွက်ထား ပါ။ (လေယာဉ်မှာ တစ်စုံတစ်ရာ အန္တရာယ်ဖြစ်တဲ့အခါ လေယာဉ်၏ ဆင်းသက်မှုလားရာကို ကြိုမသိနိုင်တဲ့အတွက် အသက်ကယ် Jacket အင်္ကျီရနိုင်တဲ့နေရာကို ကြိုတင် လေ့လာမှတ်သားထားပါ။)

(၇) ထိုင်ခုံခါးပတ်ကို ပတ်တဲ့အခါ ခါးပတ်ခေါင်းကို သေသေချာချာ အံဝင်ခွင်ကျဖြစ်အောင်ပတ်ထားပေးပါ။ ပြီးရင် ခါးပတ်ခေါင်းကို အစာအိမ်နေရာမှာမထားဘဲ အောက် ဘက်သို့ နည်းနည်းလျှော့ထားပါ။ (ဤနည်းက အကယ် ၍ သင်နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေစဉ်မှာ လေယာဉ် တစ်စုံတစ်ရာဖြစ်ပါက ခါးပတ်ခေါင်းကြောင့် အစာအိမ် နဲ့ ဝမ်းဗိုက်ကို ထိခိုက်နာကျင်မှု မဖြစ်စေတော့ပါဘူး။)

(၈) သင့်ထိုင်ခုံဟာ သင့်အရှေ့က ခုံနဲ့တော်တော်လေး နီးကပ်နေတယ်ဆိုပါစို့။ ဦးစွာရှေ့ခုံ၏နောက်မှီပေါ်သို့ လက် ဖဝါးတစ်ဖက်ကို မှောက်တင်ပါ။ ပြီးရင် ထိုလက်ဖက်ဝါးပေါ် သို့ ကျန်လက်တစ်ဖက်ကို မှောက်တင်ပါ။ လက်ဖမိုးပေါ်မှာ နဖူးကိုတင်းတင်းဖိကပ်၍ ခေါင်းငုံ့ထားပါ။ (ဤနည်း က လေယာဉ်အောက်သို့ ပျက်ကျတဲ့အခါ ဦးခေါင်း၊ မျက်နှာ၊ လည်ပင်းတို့ကို မထိခိုက်စေပါဘူး။)

(၉) သင့်ထိုင်ခုံဟာ သင့်အရှေ့ခုံနဲ့ဝေး နေတယ်ဆိုပါစို့။ ခြေဖဝါးနှစ်ဖက်ကို ပြား ပြားဖိကာ၊ အရှေ့သို့ကုန်း၍ ရင်ဘတ် ကိုပေါင်ပေါ်သို့ ဖိကပ်ထားပါ။ ပြီးရင် ဒူးခေါင်းနှစ်လုံးအကြားမှာ ခေါင်း ကိုငုံ့၍ လက်နှစ်ဖက်က ခြေသ လုံးကို ဖက်ထားပါ။ (ဤ နည်းက လေယာဉ် အောက်သို့ပျက် ကျတဲ့အခါ ခြေဖဝါး၊ ခြေထောက်၊ ခြေသလုံးရိုးတွေကို မထိခိုက်စေပါဘူး။)

(၁ဝ) အရမ်းကြီးမတုန်လှုပ်ပါနဲ့။ ကြိုးစား၍ စိတ်ကို ငြိမ်ငြိမ်ထားပါ။ လေယာဉ်ပျက်ကျသော်လည်း အသက် ရှင်ကျန်ရစ်တဲ့သာဓကတွေရှိတာမို့ သင့်အတွက် အခွင့်အ ရေးရှိနိုင်ပါတယ်။ မိမိယုံကြည်ကိုးကွယ်ရာဘာသာကိုပူ ဇော်၍ ဘုရားစာကိုရွတ်ရင်း စိတ်တည်ငြိမ်မှုကိုဖန်တီး ပါ။ ခေါင်းအေးအေးထား၍ လက်ရှိနေရာမှလွတ်ရာလွတ် ကြောင်းကို တွေးတောကြံဆပါ။

(၁၁) အသက်ရှူမဝသလို ခံစားရပါက Oxygen Mask ကို နှာခေါင်းနဲ့ ပါးစပ်မှာတပ်၍ ၁၅ စက္ကန့်လောက် ရှူရှိုက် ပေးပါ။ ကလေးငယ် (သို့) သက်ကြီးရွယ်အိုများ (သို့) အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါရှိသူ (သို့) စီးကရက်စွဲသူများကတော့ Oxygen Mask ကို ခပ်ကြာကြာ တပ်ထားသင့်ပါတယ်။

(၁၂) လေယာဉ်ထဲရှိမီးခိုးငွေ့များဟာ အဆိပ်အ တောက်ဖြစ်စေပြီး အသက်ရှူလမ်းကြောင်းကို ဒုက္ခဖြစ်စေ နိုင်ပါတယ်။ ဒါကြောင့် အဝတ်ဖြင့် နှာခေါင်းနဲ့ပါးစပ်ပေါ် ကို အုပ်ထားပေးပါ။(ထိုအဝတ်စကိုရေဆွတ်၍ အသုံးပြုနိုင် ရင် ပိုကောင်း၏။)

(၁၃) လေယာဉ်တစ်ခုလုံး မီးခိုးတွေအလုံးလိုက်ထွက် လာပြီဆိုပါစို့။ ဤအခြေအနေတွင် လေယာဉ်ထဲမှာ နှစ်မိ နစ်ထက်ပို၍ မနေသင့်တော့ပါဘူး။ လေယာဉ်မောင်မယ် များညွှန်ကြားချက်အတိုင်းလိုက်နာ၍ တခြားခရီးသည်များ နှင့်အတူတကွ ပူးပေါင်းဆောင်ရွက်ပါ။

(၁၄) အရေးပေါ်ဖြစ်နေတဲ့အချိန်မှာ လက်ဆွဲအိတ် နှင့်တကွ ပစ္စည်းဥစ္စာတွေကို သံယောဇဉ်မတွယ်နေပါနဲ့။ လူ့အသက်ထက် ဘယ်အရာမျှ တန်ဖိုးမရှိပါဘူး။ ထိုလက် ဆွဲအိတ်က သင့်ရဲ့ပြေးပေါက်ကို အဟန့်အတားဖြစ်စေ နိုင်ပါတယ်။

(၁၅) သင်ရွေးချယ်တဲ့ထွက်ပေါက်မှ ခုန်မချခင်၊ ဦး စွာ မှန်ပြတင်းပေါက်မှ အပြင်ဘက်သို့ လေ့လာကြည့်ရှု လိုက်ပါဦး။ ပြတင်းပေါက်အပြင်ဘက်မှ မီးခိုး(ဝါ)မီးတောက် မတွေ့မှသာ ၄င်းထွက်ပေါက်ကိုအသုံးပြုပါ။

(၁၆) လေယာဉ်အပျက် အစီးဟာ ပေါက်ကွဲတတ်ပါတယ်။ ဒါကြောင့် လေယာဉ်နဲ့ အနည်းဆုံး ခြေလှမ်း ၅ဝဝ အကွာအဝေးမှာနေပါ။ အကယ်၍ ရေ ထဲသို့ လေယာဉ်ပျက်ကျပါက လေယာဉ်နဲ့ဝေးနိုင်သမျှ ခပ်ဝေးဝေး ဆီသို့ ရေကူးသွားပါ။

အထက်ပါနည်းလမ်းများကို နံပါတ်စဉ် အတိုင်းပြုလုပ်သွားဖို့မဆိုလိုပါ။ မိမိဖြစ်ပေါ်ကြုံတွေ့ရတဲ့ အခြေအနေပေါ်မူတည်၍ အကျိုးရှိရှိအသုံးချနိုင်ပါစေ။

ပေါက်ပေါက်

မှတ်ချက်များ