လစ်ဗျားနိုင်ငံ ဆာတီမြို့တက္ကသိုလ်ကို IS တို့ သိမ်းပိုက်
လစ်ဗျားနိုင်ငံ ဆာတီမြို့ရှိ တက္ကသိုလ်အား IS တို့နှင့် ပူးပေါင်း ထားသည့် ဂျီဟတ်တို့က သိမ်းပိုက် ခဲ့ကြောင်း၊ ကျောင်းများကိုပိတ်ထား ရပြီး စာမေးပွဲကိုလည်း ရွှေ့ဆိုင်း လိုက်ရကြောင်း တက္ကသိုလ်ပါမောက္ခ တစ်ဦးက ပြောကြားလိုက်ကြောင်း AFP သတင်းကဆိုသည်။
မြေထဲပင်လယ်ဆိပ်ကမ်းမြို့၌ သေနတ်သမားများက လမ်းများ၌ စစ်ရေးပြခဲ့ပြီး နောက်တစ်နေ့တွင် ယခုကဲ့ သို့သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါမြို့မှာ ထရီပိုလီမြို့တော်မှ မိုင် ၂၈ဝ ကွာဝေးသည်ဟုဆိုသည်။
အဆိုပါအဖွဲ့မှာဖာဂျာလစ်ဗျား (လစ် ဗျားအရုဏ်ဦး)အဖွဲ့ဖြစ်ပြီး လစ်ဗျား မြို့တော်နှင့် လစ်ဗျားအနောက်ပိုင်း ကိုသိမ်းပိုက်ထားလျက်ရှိသည်။ ၄င်း တို့က ဆာတီမြို့လုံခြုံရေးအတွက် တပ်အဖွဲ့များ ထပ်မံစေလွှတ်ခဲ့ ကြောင်းသိရသည်။
အဆိုပါအဖွဲ့သည် မော်တော် ကားများ၌ လေယာဉ်ပစ်စက်သေနတ် များတပ်ဆင်၍ အလံနက်များလွှင့်ထူ ကာ မြို့ထဲသို့ဝင်လာခဲ့ကြောင်း၊ IS တို့သည် မြောက်အာဖရိကနိုင်ငံသို့ နယ်မြေချဲ့ထွင်ခဲ့ကြောင်း သိရ သည်။
AFP သတင်းထောက်က ဖာ ဂျာလစ်ဗျားအဖွဲ့နှင့် IS တပ်ဖွဲ့တို့ ခပ်ကွာကွာနေကြသော်လည်း ပဋိ ပက္ခအ သွင်မရှိကြဟုဆိုသည်။ ယခင် အပတ်က သေနတ်သမားများက ဆာတီမြို့အသံလွှင့်ရုံနှင့် အစိုးရရုံး များကို သိမ်းပိုက်ခဲ့ကြသည်။
ဤမြို့ မှာ ကဒါဖီ၏ချက်မြှုပ်ဖြစ်ပြီး ၂ဝ၁၁ ခုနှစ် ကဒါဖီသေဆုံးပြီးနောက် ဂျီ ဟတ်များက ဤမြို့၌ ခြေကုပ် ယူခဲ့ ကြသည်ဟုဆိုသည်။ ဆာတီတွင်အန် ဆာအယ်လ်ရှာရီယာအဖွဲ့အခြေစိုက် ပြီး ထိုအဖွဲ့ကို ကုလသ မဂ္ဂက အ ကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထား သည်။ ၄င်းတို့သည် IS တို့နှင့် ပူး ပေါင်းထားသည်ဟုဆို သည်။
လွန်ခဲ့သောအပတ်၌ IS တို့နှင့် ပူးပေါင်းထားသော ဆီးရီးယားဂျီ ဟတ်တို့က အီဂျစ်ကော့ပ်တစ်ခရစ် ယာန် ၂၁ဦးအား ခေါင်းဖြတ်သတ် သည့်ဗီဒီယိုကို ထုတ်လွှင့်ခဲ့ကြ သည်။
AFP

မှတ်ချက်များ