ကမ္ဘာ့စတိုင်အကျဆုံး နိုင်ငံရေးခေါင်းဆောင်များ






တိုင်းပြည်တစ်ခုရဲ့ ဖွံဖြိုးတိုးတက်မှုအတွက် အချက်အချာကျတဲ့ အစိတ်အပိုင်းတွေဟာ နိုင်ငံရေး ခေါင်းဆောင်တွေပါ။ ထိုခေါင်းဆောင်တွေရဲ့ အရည်အချင်း ၊ သြဇာတိက္ကမ ကြီးမားမှု နဲ့ ဥာဏ်ပညာတို့လိုပဲ သူတို့ရဲ့ ပုဂ္ဂိုလ်ရေး နေထိုင်မှု ဘ၀တွေကလည်း အရေးကြီးပါတယ်။ ထိပ်သီး တွေ့ဆုံပွဲတစ်ခု ၊ အစည်းအဝေး တစ်ခုကို တက်ရောက်လာတဲ့ နိုင်ငံရေး ခေါင်းဆောင်တစ်ယောက်ရဲ့ ဖက်ရှင်ဟာလည်း အဓိက ကျပါတယ်။ ဒါကြောင့် ကမ္ဘာ့စတိုင် အကျဆုံး နိုင်ငံရေးခေါင်းဆောင် အမျိုးသား ၅ ယောက်ကိုဖော်ပြပေးလိုက်ပါတယ်။

၁။ Barack Obama

အမေရိကရဲ့ ပထမဆုံး လူမည်းသမ္မတ တစ်ယောက်ဖြစ်တဲ့ Barack Obama ဟာ လူမည်း အဆိုတော် တစ်ယောက်လိုပဲ စတိုင်ကျပြီး သပ်ရပ် ခန့်ညားတဲ့ ဖက်ရှင်မျိုး ၀တ်ဆင်တတ်သူ တစ်ယောက်ဖြစ်ပါတယ်။

၂။ Narendra Modi

အိန္ဒိယ နိုင်ငံရဲ့ ၀န်ကြီးချုပ် ဖြစ်တဲ့ Narendra Modi ဟာ Bharatiya Janata ရဲ့ အကြီးအကဲတစ်ယောက်လည်း ဖြစ်ပါတယ်။ သူ့ရဲ့ ၀တ်စားဆင်ယင်ပုံတွေဟာ သူ့ရဲ့ အသက်ကို ငယ်ရွယ်နေစေတဲ့ အဓိက လျှို့ဝှက်ချက်တွေပဲ ဖြစ်ပါတယ်။

၃။ Shashi Tharoor

အိန္ဒိယနိုင်ငံ ရဲ့ နိုင်ငံရေးသမား တစ်ယောက်ဖြစ်ပြီး စာရေးဆရာ တစ်ယောက်လည်းဖြစ်တဲ့ Shashi Tharoor ဟာ အိန္ဒိယနိုင်ငံရဲ့ ပါလီမန်လွှတ်တော်မှာ နှစ်ကြိမ်တိုင် အမတ်ဖြစ်ခဲ့သူတစ်ယောက်ပါ။ နိုင်ငံရေးသမား တစ်ယောက်နဲ့ မတူတဲ့ Tharoor ဟာ ဆံပင် အညိုရောင်နဲ့ ရိုးရာ ဂျာကင် အကျီင်္တွေကို ၀တ်ဆင်လေ့ရှိပြီး အိန္ဒိယ နိုင်ငံရေးလောက ရဲ့ ရွှေရောင် လူငယ်တစ်ယောက်လို့လည်း တင်စားခေါ်ဝေါ်ခံထားရပါတယ်။

၎ ။ Omar AbdullahJammu နဲ့ Kashmir ပြည်နယ်တို့ရဲ့ အသက်အငယ်ဆုံး ၀န်ကြီးချုပ်ဖြစ်ခဲ့တဲ့ Omar Abdullah ဟာ ရုပ်ရည် ပြေပြစ်ခန့်ညားတဲ့ နိုင်ငံရေးသမားစာရင်းထဲမှာ ထိပ်ဆုံးက ဦးဆောင်နေသူ တစ်ယောက်ဖြစ်ပါတယ်။


၅။ Jyotiraditya Madhavrao ScindiaJyotiraditya Madhavrao Scindia ဟာ စွမ်းအင်ဝန်ကြီးဌာန ရဲ့ ပြည်ထောင်စု ၀န်ကြီးတစ်ယောက်ဖြစ်ပြီး အိန္ဒိယ အမျိုးသား ကွန်ဂရက် ပါတီဝင်တစ်ယောက်လည်းဖြစ်ပါတယ်။ Scindia ရဲ့ ဖက်ရှင်ကတော့ ဘာသာရေး ၀တ်စုံတွေကို ဒီဇိုင်နာ အမြောက်အများရဲ့ တံဆိပ်တွေကို ရွေးချယ် ပေါင်းစည်းဝတ်ဆင်နိုင်တဲ့ နိုင်ငံရေးသမားတစ်ယောက်ဖြစ်ပါတယ်။

Trend Myanmar

မှတ်ချက်များ