ဂရမ်မီဆုပေးပွဲမှာ Katy Perry ရဲ့ ရင်သားကို ကိုင်ပြီး ဓါတ်ပုံရိုက်ခဲ့တဲ့ Miley Cyrus
၂၀၁၅ ခုနှစ်ရဲ့ ၅၇ ကြိမ်မြောက် ဂရမ်မီဆုပေးပွဲမှာ Miley Cyrus ဟာ အကောင်းဆုံး ပေါ့အဆိုတော်ဆုနဲ့ ဆန်ခါတင် ပါဝင်ခဲ့ပေမယ့် တစ်ကယ်တမ်းမှာတော့ Sam Smith က ရရှိသွားခဲ့ပါတယ်။ ဒါပေမယ့် Miley Cyrus ရရှိသွားတာ တစ်ခု ရှိပါတယ်။ အဲဒါကတော့ Katy Perry ရဲ့ ရင်သားပဲဖြစ်ပါတယ်။
Miley Cyrus နဲ့ Katy Perry တို့ဟာ ဂရမ်မီ ဆုပေးပွဲညမှာ အတူတူ ဓါတ်ပုံ အရိုက်ခံခဲ့ကြပါတယ်။ ထိုရိုက် ခဲ့တဲ့ ဓါတ်ပုံတွေထဲက တစ်ပုံမှာ Miley ဟာ Katy Perry ရဲ့ ရင်သားတွေကို သူမရဲ့ လက်နဲ့ ပင့်တင်ထားတဲ့ Pose တစ်ခု ပါဝင်ခဲ့ပါတယ်။
Katy Perry ကလည်း နောက်ထပ် ဓါတ်ပုံတစ်ပုံမှာ Miley Cyrus ရဲ့ရင်သားတွေကို ပင့်တင်ထားတဲ့ Pose ကို ပြန်လုပ်ပြခဲ့ပါတယ်။ သူတို့ ၂ ဦးဟာ ဒီနှစ်မှာ ဂရမ်မီဆုနဲ့ အသီးသီး လွဲချော်ခဲ့ကြပေမယ့် သူတို့ရဲ့ ပျော်ရွှင်မှုတွေကိုတော့ ထုတ်ဖော် ပြသခဲ့ကြပါတယ်။
Trend Myanmar

မှတ်ချက်များ