စင်္ကာပူနိုင်ငံမှာ ကျင်းပမယ့် ၂၈ကြိမ်မြောက် ဆီးဂိမ်းပွဲတော်မှာ မြန်မာအားကစားသမားတွေ ကြိုးစားလေ့ ကျင့်နေတာကို မြန်မာပြည်သူ တွေသိပြီး အားပေးမှုပိုရဖို့အတွက် 100 Plus အချိုရည်ကMyanmar, Go for Gold ဆိုတဲ့ ရုပ်သံအစီအစဉ်ကို ထုတ်လွှင့်တော့မယ်လို့ မတ်လ ၂၄ရက်နေ့က ပြောလိုက်ပါတယ်။
Myanmar, Go for Gold အစီအစဉ်မှာ အားကစားနည်း ၂၄မျိုးနဲ့ အားကစား သမားတွေ လေ့ကျင့်ပြင် ဆင်နေမှုတွေကို စစ်တပ်ပိုင် မြဝတီရုပ်သံလိုင်းက နေ တင်ပြသွားမှာဖြစ်ပြီး ရလဒ်အနေနဲ့ မြန်မာပရိ သတ်တွေ ဆီးဂိမ်းကို ပိုစိတ်ဝင်စားလာပြီး အားကစားသမားတွေစိတ်ဓာတ်မြင့်လာအောင် လုပ်ဆောင်ပေးမှာဖြစ်တယ်လို့ ကိုဇာနည်လင်းကျော်က ပြောပါတယ်။
ဒီအစီအစဉ်မှာဖော်ပြမယ့် အားကစားသမားတွေကို အားကစားဝန်ကြီး ဌာနက ရွေးချယ်ပေးတဲ့ လမ်း ညွှန်မှုအတိုင်း လုပ်ဆောင်သွားမှာဖြစ်ပြီး မတ်လ ၂၈ရက်နေ့မှာတော့ အနုပညာရှင် ၁၇ယောက်နဲ့ လူ ရွှင်တော်တွေ ပါဝင်ဖျော်ဖြေမယ့် အခမ်းအနားတစ်ခုကို နေပြည်တော် အားကစားကျေးရွာမှာ ပြုလုပ်မှာ
ဖြစ်တဲ့အကြောင်း၊ ဝန်ကြီးဦးတင့်ဆန်းအပါအဝင် အစိုးရတာဝန်ရှိသူတွေပါ တက်ရောက်မှာပါလို့ ဆိုပါတယ်။
ဆီးဂိမ်းအတွက် နေပြည်တော်ရော၊ ရန်ကုန်က အားကစားသမားတွေရဲ့ ကြိုးပမ်းမှုတွေကို ပြည်သူကို ချပြမှာဖြစ်လို့ Myanmar, Go for Gold အစီအစဉ်ကို အရမ်းသဘောကျတယ်လို့ ဦးစိုးအောင်က ပြောပါ တယ်။ ဆီးဂိမ်းအတွက် အစိုးရကတော့ ရွှေတံဆိပ် ၅ဝလောက် ခန့်မှန်းထားတယ်လို့ သူကဆိုပါတယ်။
၂၈ကြိမ်မြောက် ဆီးဂိမ်းအားကစားပွဲကို စင်္ကာပူမှာ ဇွန်လ ၅ရက်နေ့ကနေ ၁၆ရက်နေ့အထိ ကျင်းပ မှာဖြစ်ပြီး အားကစားနည်းပေါင်း ၃၆မျိုး ပါဝင်မယ်လို့ ဆိုပါတယ်။
Eleven Media Group

မှတ်ချက်များ