၂ဝ၁ဝ ပြည့်နှစ်က တောင်ကိုရီး ယား ရေတပ်သင်္ဘော Cheonan နစ် မြုပ်မှုနှင့် ပတ်သက်၍ တောင်းပန် မှုများကို မြောက်ကိုရီးယားက ယနေ့ တွင်ရှုတ်ချခဲ့သည်။
ထိုအဖြစ်အ ပျက်တွင် ပါဝင်ပတ်သက်နေကြောင်း ကို ပြုံယမ်းကငြင်းဆန်ခဲ့ ပြီးနောက် အရေးယူပိတ်ဆို့ထား မှုများကို ဖြေ လျှော့ပေးရန် တောင် ကိုရီးယားအား တောင်းဆိုခဲ့ကြောင်း The Straits Times သတင်းအရ သိရသည်။
အဆိုပါ သင်္ဘောနစ်မြုပ်မှုတွင် မြောက်ကိုရီးယားပါဝင်ပတ်သက်နေ ကြောင်း တောင်ကိုရီးယား၏ စွပ်စွဲ မှုကို ရှုတ်ချကြောင်းလည်း တောင် ကိုရီးယား သင်္ဘောသား ၄၆ ဦးသေ ဆုံးခဲ့သော Cheonan သင်္ဘောနစ် မြုပ်ခြင်း ငါးနှစ်ပြည့် နှစ်ပတ်လည် နေ့မတိုင်မီ နှစ်ရက်ခန့်တွင် မြောက် ကိုရီးယား အမျိုးသား ကာကွယ်ရေး ကော်မရှင် (NDC) ကပြောသည်။
Cheonan သည် မတ် ၂၆ ရက် က တောင်နှင့်မြောက်ကိုရီးယားကြား ရှိ အငြင်းပွား ရေပိုင်နက်အနီးတွင် နစ်မြုပ်ခဲ့ခြင်းဖြစ်ပြီး ထိုသင်္ဘော တွင် လူပေါင်း ၁ဝ၄ ဦး စီးနင်းလိုက် ပါလာကြောင်းသိရသည်။နိုင်ငံတကာ ကျွမ်းကျင်သူများ အဖွဲ့ အပါအဝင် တောင်ကိုရီးယား ဦးဆောင်သော စုံစမ်းစစ်ဆေးရေး အဖွဲ့က ထို သင်္ဘောမှာ မြောက်ကိုရီး ယားမှ တော်ပီဒိုနှင့် ပစ်ခတ်မှုကြောင့် နစ်မြုပ်ခြင်းဖြစ်သည်ဟု ပြောခဲ့ သည်။
Eleven Media Group

မှတ်ချက်များ