ဆန္ဒပြအလုပ်သမားများနှင့်အတူ 7Day ဓာတ်ပုံသတင်းထောက်ဖမ်းဆီးခံရခြင်းနှင့် ပတ်သက်၍ အများပြည်သူသို့ အဖြစ်မှန် ရှင်းလင်းကြေညာချက်
၁။ အလုပ်သမား ၉၀ခန့်သည် မတ်လ ၄ရက်ညနေတွင် ခွင့်ပြုချက်မယူဘဲ မြို့တော်ခန်းမရှေ့သို့ ချီ တက်ဆန္ဒပြစဉ် တညင်းကုန်းသံ လမ်းကူးနေရာ၌ ဖယ်ရှားရှင်းလင်းပြီး ၁၅ဦးအား ယာယီထိန်း သိမ်း ထားရာ 7Day နှင့် DVBမှ သတင်းထောက်နှစ်ဦးတွေ့ရှိရပြီး တရားမ၀င်ဆန္ဒပြမှုနှင့် ‘‘ တိုက်ရိုက်ပါဝင် ပတ်သက်မှု ‘‘ မရှိကြောင်းစိစစ်တွေ့ရှိရသဖြင့် ‘‘နောင်တွင်တာဝန်ရှိသူများက ဥပဒေ နှင့်အညီဆောင် ရွက်နိုင်ရန်တာဝန်သိမီဒီယာသမားတစ်ဦးအနေဖြင့် ကျင့်ဝတ်နှင့်အညီဖယ်ရှား ပေးသွားရန်သတိပေး မှတ်တမ်းတင်၍ ပြန်လည်စေလွှတ်’’ပြီးဖြစ်ပါသည်ဟု အစိုးရက မတ်လ ၄ ရက် ည ၈ နာရီသတင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။
၂။ အဆိုပါသတင်းထုတ်ပြန်ချက် တွင် ပါရှိခဲ့သည့်အစိုးရက သတင်းထောက်နှစ်ဦးယာယီထိန်းသိမ်းမှုနှင့် ပတ်သက်၍ သုံးနှုန်းခဲ့သော စကားလုံးအချို့နှင့် ထိုဖြစ်ရပ်၌ သတင်းထောက်များက ကျင့်ဝတ်နှင့်အညီသ တင်းမယူသယောင်လုပ်ကြံဖော်ပြမှုကို ပြင်းထန်စွာကန့်ကွက်ပါသည်။
၃။ အဆိုပါသတင်းကို မည်သည့် ဌာနကထုတ်ပြန်သည်ဟု တိကျ ခိုင်လုံသော သတင်းရင်းမြစ်ဖော် ပြထားခြင်းမတွေ့ရသလို သတင်း ထောက်နှစ်ဦးသည် ဆန္ဒပြမှုနှင့် ‘‘တိုက်ရိုက်ပါဝင်ပတ်သက်မှု’’မရှိ ကြောင်းစိစစ်တွေ့ရှိရသဖြင့်ဟု သုံးနှုန်းဖော်ပြခြင်းကြောင့် သွယ်ဝိုက်ပါဝင်ပတ်သက် မှုရှိသယောင် ထင်မြင်ယူဆနိုင်သောကြောင့် ရိုးသားမှုမရှိသောအသုံးအနှုန်းဖြစ်၍ ပြင်းထန်စွာ ကန့်ကွက်ပါသည်။
၎။ ထို့အပြင် တာဝန်သိမီဒီယာသ မားတစ်ဦးအနေဖြင့်ကျင့်ဝတ်နှင့် အညီဖယ်ရှားပေးသွားရန်သတိ ပေးမှတ်တမ်းတင်၍ ပြန်စေလွှတ်ပြီးဟုဖော်ပြချက်မှာလည်း ခေတ္တထိန်း သိမ်းခံရသော 7Dayသတင်း ထောက်သည် ကျင့်ဝတ်နှင့်မညီ သတင်းရယူသည်ဟုအဓိပ္ပာယ် သက်ရောက်နေပြီး ထိုဖော်ပြချက် မှာ အဖြစ်မှန်နှင့်လုံးဝလွဲချော်မှား ယွင်းနေကြောင်း သိစေအပ်ပါ သည်။
ဆန္ဒပြအလုပ်သမားများကို ရဲတပ်ဖွဲ့နှင့် ၎င်းတို့နှင့်အတူပါ လာသော အရပ်ဝတ်ဖြင့် ပုဂ္ဂိုလ်များ (အချို့မှာ လက်ပတ်အနီဝတ်ဆင်ထား)ကဖမ်းဆီးစဉ် 7Day မှသတင်းရယူနေသော သတင်းထောက်နှစ်ဦးစလုံးတွင် 7Day News ဂျာနယ် နှင့် 7Day Daily သတင်းစာမှသတင်းထောက်ဖြစ်ကြောင်း ကတ်ပြားများ၎င်းတို့ လည်ပင်း၌ ချိတ်ဆွဲထားပြီး သတင်းစာကျင့်ဝတ်နှင့် အညီ သတင်းရယူနေခြင်းဖြစ်ပါသည်။ ဖမ်းဆီးခံရသော 7Day သတင်းထောက်မှာ အခင်းဖြစ်ပွားစဉ် ရဲတပ်ဖွဲ့ဝင်များ၏ နောက်ဘက်ခပ်လှမ်းလှမ်းမှ သတင်းဓာတ်ပုံ ရိုက်နေစဉ် ရဲတပ်ဖွဲ့နှင့် ပါလာသော အဆိုပါ အရပ်ဝတ်လူများက သတင်းထောက်ဖြစ်ကြောင်းပြောနေ သည့်ကြားမှ သတင်းထောက်ကတ်ပြားကိုဖြုတ်ကာ ‘‘မီဒီယာလည်း ဖမ်း’’ ဟုဆိုပြီးကင်မရာကိုဝိုင်းဝန်းလု ယူကာ ကားပေါ်တင်ဆောင် ဖမ်းဆီးသွားခြင်းဖြစ်ပါသည်။
အခင်းဖြစ်ပွားရာနေရာမှမီကာဆာဟိုတယ်အနီရှိ လယ်ဆည်ရုံးဟောင်းသို့ ကားဖြင့်ခေါ်ဆောင်လာစဉ် တစ်လျှောက်လုံး၌ သတင်းထောက်ဖြစ်ကြောင်း ရဲတပ်ဖွဲ့ဝင်များအား ပြောကြားသော်လည်း ‘‘ဟိုရောက်မှ တာဝန်ရှိသူများကိုပြောပါ’’ဆိုပြီးခေါ်ဆောင်သွားခြင်းသာဖြစ်ပါသည်။ ထို့နောက် တာဝန်ရှိသူများ ကစစ်ဆေးမေးမြန်းပြီး မှားယွင်းဖမ်းဆီးမိသည်ကိုသိ၍ ဟုဆိုကာပြန်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။
သို့သော် နိုင်ငံပိုင်မီဒီယာများ က သတင်းစာကျင့်ဝတ်နှင့်အညီ သတင်းရယူနေသော မိမိတို့၏ သတင်းထောက်ကို မတရားဖမ်းဆီးပြီး ဆန္ဒပြသူများနှင့် သွယ်ဝိုက် ပတ်သက်သယောင်၊ကျင့်ဝတ်ချိုး ဖောက်သယောင် နိုင့်ထက်စီးနင်းအထက်စီးမှ သတင်းထုတ်ပြန်မှုကို 7Day Daily သတင်းစာနှင့် 7Day News ဂျာနယ်က ပြင်းထန်စွာကန့်ကွက်ကြောင်း အများပြည်သူသို့ အသိပေးအပ်ပါသည်။
အယ်ဒီတာ | 7day

မှတ်ချက်များ