သမ္မတဦးဆောင်ကျင်းပသော သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်ဆက်ကပ်ပွဲသို့ ဒေါ်အောင်ဆန်းစုကြည်တက်ရောက်

သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ် ဆပ်ကပ်ခြင်းနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ တက်ရောက်လာသော ဒေါ်အောင်ဆန်းစုကြည်
(ဓာတ်ပုံ - NLD Chairperson)
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် အထွေထွေရွေး ကောက်ပွဲအတွက် သမ္မတဦးသိန်း စိန်နှင့် သီး သန့်တွေ့ဆုံမှုပြုလုပ်ခဲ့ ပြီးနောက် ရက်ပိုင်းအတွင်းနိုင်ငံ တော်သမ္မတ ဦးဆောင်ကျင်းပ သော သာသ နာတော်ဆိုင်ရာဘွဲ့ တံဆိပ်တော်များဆက်ကပ်လှူ ဒါန်းပူဇော်ပွဲနှင့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို ဒေါ်အောင်ဆန်း စုကြည်တက်ရောက်ခဲ့ကြောင်းသ တင်းရရှိသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့် အထွေထွေရွေးကောက်ပွဲအတွက် သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် မတ်လ ၂ရက်က နေပြည်တော်ရှိ သမ္မတ၏လယ်တောရိပ်သာတွင် သီးသန့်တစ်နာရီဝန်းကျင် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ပြီးနောက် နှစ်ရက်အကြာမတ်လ ၄ရက်၌ ပြုလုပ်ခဲ့သော သာသနာတော်ဆိုင်ရာဘွဲ့ တံဆိပ်တော်များဆက်ကပ်လှူဒါန်းပူဇော်ပွဲနှင့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲသို့ ဒေါ်အောင်ဆန်းစုကြည်တက်ရောက်ခဲ့ခြင်းဖြစ်သည်။

‘‘သီးခြားလုပ်တဲ့ပွဲပါ။ သမ္မ တရုံးဝန်ကြီးဌာနက စီစဉ်မှုနဲ့ လွှတ်တော်နဲ့ အစိုးရအဖွဲ့ဝင်လူ ကြီးတွေ တက်ရောက်တဲ့ပွဲပါ’’ဟု ယင်း ပွဲသို့တက်ရောက်ခဲ့သူနိုင်ငံတော်သမ္မတရုံးမှ ၀န်ထမ်းတစ်ဦးက ပြောသည်။

နိုင်ငံတော်သမ္မတ ဆက် ကပ်သော သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်ဆက်ကပ်ခြင်းနှင့် ဆွမ်း ဆန် စိမ်းလောင်လှူပွဲသို့ ဒေါ် အောင်ဆန်းစုကြည်တက်ရောက် ခဲ့ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ တရားဝင်လူမှုကွန်ရက် NLD Chairpersonဖေ့စ်ဘွတ်ခ် စာမျက်နှာက ယမန်နေ့ညပိုင်းက သတင်းထုတ်ပြန်သည်။

ဆရာတော်၊ သံဃာတော် အရှင်သူမြတ်တို့အား ဆွမ်းဆန် စိမ်း လောင်းလှူသည့် အခမ်းအ နားကို ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် များဖြစ်ကြသော ဦးမင်းသူနှင့်ဒေါ်ခင်သန္တာတို့တက်ရောက်ခဲ့ကြသည်။

‘‘ဒေါ်အောင်ဆန်းစုကြည်အ နေနဲ့ ဒီလိုပွဲမျိုးကိုတက်ရုံနဲ့ တိုင်း ပြည်နဲ့ လူထုအတွက်အကျိုးရှိမယ့် အချက်တွေဖြစ်လာဖို့ တွေ့ဆုံမှု မှာ သမ္မတနဲ့ သဘောတူပြီးဖြစ် တယ်လို့ ပြောဖို့အတွက်တော့ ခက်ပါတယ်’’ဟု နိုင်ငံရေးဆောင်း ပါးများရေးသားနေသူတစ်ဦးဖြစ် သည့် ဒေါက်တာရန်မျိုးသိမ်းက သုံးသပ်သည်။

ယခုလ ၂ရက်က သမ္မတဦး သိန်းစိန်နှင့် ဒေါ်အောင်ဆန်းစု ကြည်တို့၏ တွေ့ဆုံမှုသည် ၈ ကြိမ်မြောက်ဖြစ်ခဲ့သော်လည်း တွေ့ဆုံမှုရလဒ်များကို ကျယ်ကျယ်ပြန့်ပြန့်ထုတ်ပြန်ခဲ့ခြင်းမရှိပေ။

ရန်မျိုးနိုင် | 7day

မှတ်ချက်များ