နည်းပညာ ကုမ္ပဏီကြီးတွေက သိမ်းသွင်းဖို့ကြိုးစားနေရတဲ့ ၁၅နှစ်အရွယ် App ပညာရှင်


ဆစ်ဒနီမှ ဆယ်ကျော်သက် ကလေးငယ်တစ်ဦးသည် လူကြိုက်များသော ဂိမ်းတစ်ခုကို တီထွင်ခဲ့ရာမှ ယခုအခါတွင် Google နှင့် Facebook ကဲ့သို့သော ကုမ္ပဏီကြီးများ၏ အာရုံကို ဖမ်းစား ထားနိုင်ပြီ ဖြစ် ပါသည်။

အကြိမ် ၅သိန်းကျော် download ဆွဲခံရတဲ့ app ကို တီထွင်သူ ပညာရှင် ကလေးငယ်အား ကုမ္ပဏီ အတွက် သိမ်းသွင်းနိုင်ရန် Google နှင့် Facebook တို့သည် အပြိုင်အဆိုင် ကြိုးစားနေကြရပါတယ်။
Ben Pasternak ဟု အမည်တွင်သော ထိုကလေးငယ်သည် ရိုးရှင်းသော ဂိမ်းတစ်ခုကို တီထွင်ခဲ့ပြီး ထိုဂိမ်းကို အောက်တိုဘာလမှ စ၍ App Store တွင် ရယူနိုင်ခဲ့ပါတယ်။

Vine, Google နှင့် Twitter များကို ကျော်လွန်၍ အသုံးပြုသူများကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။ ယခုဆိုရင် Facebook ၏ Internship ဌာနမှ California ရှိ ရုံးချုပ်သို့ လာရောက်လေ့လာရန် သူ့ကိုဖိတ်ခေါ်ခဲ့ပြီး Google မှလည်း သူတို့ဆီ လာရန် ဖိတ်ခေါ် ခဲ့ပါတယ်။ 

သူတီထွင်ခဲ့တဲ့ iPhone app ဟာ ကျွန်တော်တို့တစ်တွေ ဘယ်လိုမှ မခန့် မှန်းနိုင်လောက်အောင် ကို အောင်မြင်သွားခဲ့ပါတယ်။ ၁၅နှစ် အရွယ်ကလေးဟာ ဒီလိုအောင်မြင်လာလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့မိပါဘူးလို့ Hack Generation Y Event ဦးဆောင်သူ Michael Matias ကပြောကြားခဲ့ပါတယ်။

Credit : http://news.sky.com

မှတ်ချက်များ