NASA အဖွဲ့အစည်းဟာ မားစ် ဂြိုလ်ပေါ်မှာ နေထိုင်လို့ ရ/မရ လေ့လာဖို့ စီစဉ်ခဲ့ပေမယ့်လည်း မားစ်ဂြိုလ် ဟာ လူသားတွေအတွက် အဆင်သင့် မဖြစ်နိုင်သေးပါဘူး။
ဒါကြောင့် ကမ္ဘာဂြိုလ်နဲ့ ပိုမိုနီးကပ်တဲ့ ဗီးနပ်စ် ဂြိုလ်ဟာ ကမ္ဘာကနေ အကွာအဝေး ၃၈ မီလီယံ ကီလိုမီတာ ကနေ ၂၆၁ မီလီယံ ကီလိုမီတာ ကြားမှာသာ ကွာဝေးပါတယ်။ မားစ်ဂြိုလ်ကတော့ ကမ္ဘာကနေ ၅၆ မီလီယံ ကီလိုမီတာကနေ ၄၁၀ မီလီယံ ကီလိုမီတာ ကြားထိ ကွာဝေးတဲ့အတွက် ဗီးနပ်စ် ဂြိုလ်ဟာ ကမ္ဘာဂြိုလ်အ တွက် ပိုမို ကောင်းမွန်တဲ့ အိမ်နီးချင်း ဖြစ်လာမှာပါ။
ဗီးနပ်စ်ဂြိုလ်ဟာ အချင်းဟာ ၆၀၅၃ ကီလိုမီတာ ရှိပြီး ကမ္ဘာဟာ အချင်း ၆၃၇၁ ကီလိုမီတာ ရှိတဲ့အတွက် ဂြိုလ် အရွယ်အစား ဟာလည်း မကွာခြားလှပါဘူး။ ဒါ့အပြင် ဓာတုဗေဒ ဖွဲ့စည်းပုံတွေနဲ့ သိပ်သည်းမှုတွေ လည်း တူညီတယ်လို့ သိရပါတယ်။
ဒါပေမယ့်လည်း ဗီးနပ်စ်ဂြိုလ်ရဲ့ လေထုဖိအားဟာ ကမ္ဘာ ထက် ၉၂ ကြိမ်တိတိ ပိုများနေတဲ့အတွက် ဗီးနပ်စ်ဂြိုလ်ရဲ့ မျက်နှာပြင်ပေါ်ကို ဆင်းသက်ဖို့တော့ မဖြစ်နိုင်သေးပါဘူး။ ဗီးနပ်စ်ဂြိုလ်ရဲ့ လေထုဟာ ကာဘွန်ဒိုင်အောက်ဆိုဒ် ပါဝင်မှုပိုများနေပြီး သူ့ရဲ့ တိမ်လွှာတွေမှာတော့ ဆာလ်ဖြူရစ် အက်ဆစ်တွေ ပါဝင်နေပါတယ်။
ဒါကြောင့် NASA အဖွဲ့ဟာ ဗီးနပ်စ်ဂြိုလ်ရဲ့ တိမ်လွှာတွေထဲမှာ အာကာသ ယာဉ်ပျံတွေနဲ့ မျောလွင့်နေတဲ့ မြို့တော် တစ်ခုကို စတင် တည်ဆောက်ကြည့်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
မှတ်ချက်များ