ဗြိတိန်- ဗြိတိန်အမျိုးသားတစ်ဦးက အရှင် လတ်လတ်ငါးတစ်ကောင်ကို မျိုချနေတဲ့ ဗီဒီယိုဖိုင်ကို အွန်လိုင်း စာမျက်နှာပေါ်မှာတင်ခဲ့ပြီးနောက် ငါးလက်ဝယ်မွေးမြူခွင့် ငါးနှစ်ပိတ်ပင်ခံခဲ့ရတယ်လို့ သိရပါတယ်။
အဆိုပါ အရှင်လတ်လတ်ငါးတစ် ကောင်ကို မျိုချခဲ့တဲ့ အမျိုးသားကတော့ အသက်၂၆အရွယ် လူကီဘာရီဖြစ် ပြီး ယင်း ဗီဒီယိုဖိုင်ကိုတော့ ၂ဝ၁၄ခုနှစ် သြဂုတ်လ က လူမှုကွန်ရက်စာမျက်နှာပေါ်ကို တင် ခဲ့တယ်လို့ သိရ ပါတယ်။
လူကီဟာ တိရစ္ဆာန် တစ်ကောင်ကို မလိုအပ်ဘဲ နာကျင်သေ ကျေအောင် ပြုလုပ်ခဲ့တဲ့အတွက် သက်ဆိုင် ရာ တရားရုံးတော်က သူ့ကို လက်ဝယ်ငါး မွေးမြူခွင့် ငါးနှစ်ပိတ်ပင်ခဲ့ပြီး စေတနာ့ဝန် ဆောင်မှုပေးတဲ့အဖွဲ့အ စည်းမှာ နာရီ ၁၂ဝ ကြာ စေတနာ့ဝန်ထမ်းအဖြစ် လုပ်ဆောင် စေခိုင်းခဲ့ပြီး ၇၆၈ဒေါ်လာ ဒဏ်ကြေးပေး ဆောင်စေခိုင်းခဲ့တယ်လို့ သိရပါတယ်။
Ref - UPI


မှတ်ချက်များ