ယူကရိန်း နိုင်ငံ ကိဗ်မြို့ က ဗဲလ်လာရီ စမက်ဂလီ (၅၈ နှစ်) ဟာ ခန္ဓာ ကိုယ်အလေးချိန် လျှော့ချဖို့သီး ခြား အစားအစာ ရွေးချယ်စားသောက်ရာ က ထူးဆန်းအံ့သြဖွယ် မျက်တောင်များ ရှည်ထွက်လာခဲ့ပါ တယ်လို့ သိရပါတယ်။
ဗဲလ်လာရီ စမက်ဂလီက ယခု အခါ သူ့ရဲ့ ထူးထူးခြားခြားရှည်ထွက်လာ တဲ့ မျက်တောင်တွေကို ဂင်းနက်စ် စံချိန်တင် ဖို့ ပြုလုပ်နေပြီး ၄င်းစားသောက်ခဲ့တဲ့အစား အစာကိုလည်း ဈေးကွက်မှာ ရောင်းချဖို့ ပြင်ဆင်နေပါ တယ်။ ဒါပေမဲ့ ရှည်လျားတဲ့ မျက်တောင်ကြောင့် အမြင်မရှင်းလင်းတဲ့ အတွက် ဂင်းနက်စ်မှတ်တမ်းဝင်ပြီး ရင်တော့ ဖြတ်ပစ်မယ်လို့ ဗဲလ်လာရီက ဆိုပါတယ်။
ဗဲလ်လာရီက အစားအသောက် အချို့ကို စတင်စားသောက်ခဲ့ချိန်မှာပဲ မျက် တောင်တွေရှည်ထွက်လာတာကို သတိထား မိခဲ့တယ်လို့ ပြည်တွင်းမီဒီယာတွေကို ဖြေ ကြားခဲ့ပေမယ့် ဈေးကွက်တင်မယ့်အစီအစဉ် ကြောင့် ဘာစားခဲ့တယ်ဆိုတာကိုတော့ လျှို့ ဝှက်ထားခဲ့ပါတယ်။
လက်ရှိအချိန်မှာတော့ လမ်း လျှောက်တဲ့အခါ အမျိုးသမီးတိုင်းက ဗဲလ် လာရီရဲ့ ရှည်လျားတဲ့ မျက်တောင်
တွေကို ငေးမောကြပြီး မေးမြန်းကြတဲ့အထိ စိတ် ဝင်စားအားကျတယ်လို့ သိရပါတယ်။

မှတ်ချက်များ