တရုတ်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာ ဏာနှင့် တည်ရှိမှုအပေါ် လေးစားလိုက်နာ မှုရှိနေ ဆဲဖြစ်ပြီး မြန်မာနယ်စပ်တွင် ဖြစ် ပွားနေသည့် ပဋိပက္ခများ အမြန်ဆုံးရပ်စဲ ရန်နှင့် နယ်မြေတည်ငြိမ်အေး ချမ်းမှုများရှိ လာစေရန် အတွက် တောင်းဆိုကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန် ရှိသူကတိုက် တွန်းလိုက်သည်။
ပေကျင်းမြို့တွင် ပြီးခဲ့သည့် သောကြာနေ့က အပတ်စဉ်ပုံမှန်ပြုလုပ်လေ့ ရှိသည့် နိုင်ငံခြားရေးဝန်ကြီးဌာန သတင်း စာရှင်းလင်းပွဲတွင် ပြောခွင့်ရပုဂ္ဂိုလ်ဟောင် လိုင်က တိုက်တွန်းတောင်းဆိုလိုက်ခြင်းဖြစ် သည်။ တရုတ်နိုင်ငံအနေဖြင့် ဘက်မလိုက် ဘဲ သူတစ်ပါးနိုင်ငံကို ဝင်ရောက်မစွက်ဖက် သည့် နိုင်ငံခြားရေး မူဝါဒကို ဆက်လက်ကျင့် သုံးနေဆဲဖြစ်ကာ နှစ်နိုင်ငံဆက်ဆံရေးပျက် ပြားစေနိုင်သည့် မည်သည့်ကိစ္စကိုမဆို ဆောင်ရွက်မည်မဟုတ်ဘဲ မည်သည့် လူ ပုဂ္ဂိုလ်အဖွဲ့အစည်းမဆို တရုတ်နိုင်ငံပိုင် နက်ကို အသုံးပြုပြီး နှစ်နိုင်ငံ ဆက်ဆံရေး ပျက်ပြားအောင် နယ်စပ်မတည်ငြိမ်မှုများ ပေါ်ပေါက် လာအောင် ဆောင်ရွက်မှုများ ကို ခွင့်ပြုမည်မဟုတ်ကြောင်းလည်း ပြော ဆိုသည်။
လတ်တလော ကိုးကန့်ဒေသ တွင် ဖြစ်ပွားခဲ့သည့်တိုက်ပွဲများတွင် တရုတ် နိုင်ငံမှ ကြေးစားစစ်သည်အချို့ ပါဝင်နေ ကြောင်း မြန်မာ့တပ်မတော်ဘက်မှ ပြော ဆိုထားပြီး ကိုးကန့်တပ်ဖွဲ့များမှာ တရုတ် နယ်မြေများကို အသုံးပြုခွင့် ရနေသလို တ ရုတ် အောက်ခြေတာဝန်ရှိသူများမှာလည်း ယင်းကိစ္စတွင် တာဝန်မကင်းကြောင်း တပ်မ တော် ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောကြားထားသည်။
Yangon Media Group

မှတ်ချက်များ