မိန်းကလေးတစ်ဦး လှည်းတန်းဘူတာ မီးရထား ခုံးကျော်တံတားပေါ်မှ ခုန်ချ


မိန်းကလေးတစ်ဦးသည် ရန်ကုန်တိုင်း ကမာရွတ်မြို့နယ် အမှတ် (၈) ရပ်ကွက် လှည်းတန်းဘူတာ မီးရ ထားခုံးကျော်တံတားပေါ်မှ မတ်လ ၂ ရက်ညက ခုန်ချခဲ့သည်။

မီးရထားလမ်းခုံးကျော် တံတားပေါ်မှ ခုန်ချခဲ့သော မိန်းကလေးမှာ အသက် (၂၀) ၀န်းကျင်ရှိပြီး သင်္ဃန်း ကျွန်းမြို့နယ်တွင် နေထိုင်သူဖြစ်ကြောင်း ကမာရွတ်ရဲစခန်းမှ အမှုစစ်အရာရှိတစ်ဦးကဆိုသည်။

‘‘ကောင်မလေးကိုတော့ အခုရန်ကုန်ဆေးရုံကြီးကို ပို့လိုက်ပါပြီ။ သူကတော့ လက်ရှိမှာ ခြေထောက်တစ် ဖက် ကျိုးတယ်။ လက်တွေ၊ ခြေတွေမှာတော့ ဒဏ်ရာတွေရသွားတယ်။ ဖြစ်ပျက်ပုံကိုတော့ စစ်ဆေးနေ တုန်း အနေအထားမှာပဲရှိပါသေးတယ်’’ဟု ၎င်းကပြောသည်။

အဆိုပါခုန်ချခဲ့သော အမျိုးသမီးသည် ခုန်မချမီ အတူပါလာသည့် အမျိုးသားနှစ်ဦးထဲမှ တစ်ဦးကို တောင်း ပန်စကား ပြောပြီးနောက် တံတားပေါ်မှ ခုန်ချခဲ့ကြောင်း မျက်မြင်တွေ့ခဲ့သော အမျိုးသားတစ်ဦးကဆိုသည်။

အဆိုပါခုံးကျော်တံတားပေါ်တွင် လွန်ခဲ့သည့် ၂ နှစ်ခန့်က အမျိုးသမီးတစ်ဦး ယာဉ်တိုက်မှုဖြင့် သေဆုံးခဲ့ သကဲ့သို့ မူးယစ်သောက်စားသူများကိုလည်း မကြာခဏ စစ်ဆေးမောင်းထုတ်နေသည့် နေရာဖြစ်သည်။

7 Day

မှတ်ချက်များ