ကျွန်တော်တို့ ရှင်သန်နေတဲ့ ပတ်ဝန်းကျင်ထဲမှာ အဓိက အားဖြင့်တော့ ယောက်ကျားနဲ့ မိန်းမ ရယ်လိုပဲ အဓိက ခွဲခြား သတ်မှတ်ကြတာပါ။ သို့ပေမဲ့ ထိုထဲမှာမှ မသိမသာနဲ့ ကျွန်တော်တို့တွေ ( တစ်ချို့တွေ) လက်ခံနိုင်စွမ်း သိပ်မရှိကြတဲ့ homosexual လို့ခေါ်တဲ့ လူတွေက ရှိနေကြပါတယ်။ တစ်ချို့တွေက တော့ ပြောင် (ဗြောင်တင်းတင်းပါပဲ ) တစ်ချို့ကတော့ ပုန်းလျို့ ကွယ်လျို့နဲ့ ဖြစ်ပါတယ်။ ကြည့်လိုက်ရင် မသိသာ ပါဘူး။ သူတို့ ဘ၀တွေက ဒီလို အပေါ်ယံ အမြင်နဲ့ ပြောရရင် ရွံစရာ ရှက်စရာကောင်းတယ်လို့ စာဖတ်သူ ထင်ကောင်းထင်နိုင်ပါတယ်။
ဒါပေမဲ့ လူအခွင့်အရေး ကို ဦးစားပေးသူ လူတစ်ယောက် အနေနဲ့ ဖြစ်စေ၊ သူတို့ ဘ၀တွေကို အတွင်းကျကျ လေ့လာမှုသူတစ်ယောက် အနေနဲ့ဆို ထို သူတို့ အပေါ်လက်မခံနိုင်တဲ့ စိတ်တွေ လျော့နည်းသွားမှာ ဖြစ်ပါတယ်။ ကျွန်တော် ဒီစာကို ကိုယ်တွေ့ အတွေ့အကြုံတွေနဲ့ Homo သူငယ်ချင်း မိတ်ဆွေ အချို့ရဲ့ပြောပြ၊ တွေ့ကြုံမှုတွေ အရ ရေးသားတာ ဖြစ်ပါတယ်။
Homosexual ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အမျိုးအစား 4 မျိုး ရှိပါတယ်။ နှစ်မျိုးကတော့ Gay နဲ့ sissy ဖြစ်ပြီး ဌင်းကတော့ အမျိုးသားတွေ ဖက်က လိင်စိတ်ပြောင်းလဲမှုကို ခေါ်ဆိုတဲ့ ဝေါဟာရ ဖြစ်ပါတယ်။ နောက်နှစ် မျိုးကတော့ Tomboy နဲ့ Lesbian ဖြစ်ပါတယ်။ ဒါကတော့ အမျိုးသမီးတွေ အတွက် ဝေါဟာရ ဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာမှာတော့ ဂျော့လကီး၊ အခြောက်လို့သာ သိမ်းကြုံခေါ်ဆိုနေကြပေမဲ့ တစ်ကယ်တမ်း ခွဲမယ်ဆို အမျိုးအစားတွေ နည်းနည်းများတာကို တွေ့ရမှာ ဖြစ်ပါတယ်။
Gay အမျိုးအစားများ....
အမျိုးသားတွေ ဖက်က Gay မှာ အမျိုးအစား (၃) မျိုးလောက် ထပ်ရှိနေပါတယ်။ ဌင်းတို့ကတော့ T ( Top ), B ( bottom) , V တို့ ဖြစ်ကြပါတယ်။ Gay တွေကတော့ သူတို့ ယောက်ကျား ဂေးတွေ အချင်းချင်းပဲ စိတ်ဝင်စားကြပြီး တစ်ချို့ ဂေး မဟုတ်တဲ့သူတွေ၊( Stage) တွေနဲ့ အမျိုးသမီးတွေကို စိတ်မ၀င်စားကြပါဘူး။ ထို ဂေးထဲမှာမှ T ဆိုတာ ယောက်ကျားလုပ်တဲ့သူပေါ့။ B ကတော့ အောက်က လို့ ဆိုပါတယ်။ V အဓိပ္ပာယ်ကတော့ T နဲ့ B စတဲ့ နှစ်မျိုး စလုံးကို ဆောက်ရွက်သူတွေ ဖြစ်ပါတယ်။
Sissy...
Sissy ကတော့ ယောက်ကျားဘ၀ကနေ ကိုယ်ကိုယ်ကို နွဲ့နွဲ့လျလျပြုမှုတတ်ပြီး အမျိုးသမီးစိတ် ၀င်နေတဲ့ သူတွေ ဖြစ်ပါတယ်။ တစ်ချို့ဆို လိင်ပြောင်းလဲတာတွေပါ ရှိပါတယ်။

ဥပမာ - မထက်၊ သူတို့ကတော့ ကိုယ်ကိုယ်ကို မိန်းမ အမျိုးသမီးလို သတ်မှတ်ထားတာမို့ ယောက်ကျား ဆန်ဆန်နေတတ်တဲ့ သူတွေကိုပဲ နှစ်သက် ကြတဲ့သူတွေ ဖြစ်ပါတယ်။ ( ကျွန်တော်ကို ဆို လာလာမေး ကြတာ ခဏ ခဏ ပဲ grin emoticon )
Tomboy and Lesbian...
နောက်ကျန်တဲ့ အမျိုးသမီးဖက် က Tomboy က Sissy နဲ့ ဆန့်ကျင်ဖက် အလားသဏ္ဍာန်တူပါတယ်။ သူကတော့ မိန်းမကနေ ယောက်ကျားစိတ်ပေါက်ပြီး မိန်းမတွေကို ပြန်ငမ်း တတ်တဲ့ အမျိုးအစားဖြစ်ပါတယ်။ Lesbian ကတော့ Gay တွေနဲ့ ဆန့်ကျင်ဖက် အလားသဏ္ဍာန်တူပါတယ်။ သူတို့ Lesbian မျိုးနွယ်အချင်း ချင်းကိုပဲ နှစ်သက်ကြတာ ဖြစ်ပါတယ်။

ထိုထဲမှာမှ ပြန်ပြီး သုံးသပ်ရလျှင် Sissy နဲ့ Tomboy တွေက sex လိင်ပိုင်းဆိုင်ရာကို ပိုပြီး စိတ်ဝင်စားတဲ့ မျိုးနွယ်ဖြစ်ပြီး အချစ်ကို ဒုတိယနေရာမှာ ထားပါတယ်။Lesbian နဲ့ gay တွေကတော့ အချစ်ကို ပထမ ဖြစ်ပြီး ကျန်တာက အဲလောက် မဟုတ်ပါဘူးလို့ သူငယ်ချင်းဖြစ်သူက ဆိုလာပါတယ်။
Wiki မှာကတော့ Homosexual ဆိုတဲ့ ခေါင်းစဉ်မှာ gay နဲ့ Lesbian ကိုပဲ ထည့်ထားပြီး တူညီတဲ့ လိင်နဲ့ အမျိုးအစားတူတွေထဲမှာ နှစ်သက်တဲ့ Sexual attraction ပါတဲ့။ ဒါမဲ့ ကျတော် ဒီစာထဲမှာ Sissy နဲ့ Tomboy ကိုပါ ရှင်းရှင်းလင်း လင်း မြင်သာအောင် ထည့်ရေးထားပါတယ်။ နို့မို့ဆို သတ်သတ်မှတ်နေရ မှာပေါ့။ smile emoticon ဒါကြောင့် အခြောက်လို့ ဆိုတိုင်း လိုက်ပြီး မခြောက်လိုက်ပါနဲ့လို့။ အပေါင်း အသင်းတွေက မေးလာပြောလာခဲ့လို့ ရှိလျှင် ပြန်ပြီး အမျိုးအစားလေးမေးပြီး ရှောင်သင့် ရှောင်ရအောင်
လုပ်ပါလို့ smile emoticon သိမြင်မှု ဆိုင်ရာ တစ်ရပ်ကို ဝေမျှလိုက်ပါတယ်။
သိမြင်မှု ဆိုင်ရာများ ပြီး လူတိုင်းအပေါ် အကောင်းမြင်နိုင် နားလည်ပေးနိုင်ကြပါစေ။
အောင်ဟိန်း

မှတ်ချက်များ