မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မိုဘိုင်း အင်တာနက် သုံးစွဲခများကို ၅၀% အထိ လျှော့ချ


မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း သည် တပေါင်းလပြည့်နေ့ အထူးအစီအစဉ် အဖြစ် ၂၀၁၅ခုနှစ်၊မတ်လ (၄)ရက်နေ့မှ (၃၁)ရက်နေ့ အထိ မြန်နှုန်းမြင့် မိုဘိုင်း အင်တာနက် သုံးစွဲခများကို ၅၀% အထိ လျော့ချပေးမည်ဖြစ်ပါသည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသည် တပေါင်းလပြည့်နေ့ပွဲတော် အထူးအစီအစဉ်အဖြစ် အင်တာနက်သုံး စွဲခနှုန်းထားများကို ပရိုမိုးရှင်းကာလအတွင်း ဈေးနှုန်း လျှော့ချပေးသွားမည် ဖြစ်ရာ ဆွေသဟာ သုံးစွဲသူများ အနေဖြင့် မြန်နှုန်းမြင့် အင်တာနက်အား ၅၀% လျှော့ဈေးဖြင့် သုံးစွဲနိုင် မည်ဖြစ်ပါသည်။ အဆိုပါ ပရိုမိုရှင်း အစီအစဉ်အရ မိမိအသုံးပြုသလောက် ပေးချေနိုင်သည့် စနစ်တွင် ယခင်1MB လျှင် ၁၅ကျပ်နှုန်းအစား 1MB လျှင် ၇ကျပ် ၅၀ ပြားနှုန်းဖြင့် ၂၀၁၅ခုနှစ်၊မတ်လ (၄)ရက်နေ့မှ (၃၁)ရက်နေ့အထိ သုံးစွဲနိုင်တော့မည်ဖြစ်ပါ သည်။ အဆိုပါ အထူးဈေးနှုန်းအစီအစဉ်အားခံစားနိုင်ရန်အတွက် ဆွေသဟာဝန်ဆောင်မှုအား ရယူထား ရန်လိုအပ်ပါသည်။(GSM နှင့် WCDMA သုံးစွဲသူများ အတွက်ဖြစ်ပါသည်)။

ဆွေသဟာဝန်ဆောင်မှု ကို ရယူပြီးသူများ အနေဖြင့် အဆိုပါ အထူးဈေးနှုန်းကို အလိုအလျောက်ရရှိမည်ဖြစ် ပါသည်။ ဆွေသဟာကို မရရှိသေးသူများအနေနှင့် Prepaid သုံးစွဲ သူဖြစ်ပါက SWE ဟုရိုက်နှိပ်ကာ 1332 သို့ SMS ပေးပို့ရန်လိုအပ်ပြီး၊Postpaid သုံးစွဲ သူဖြစ်ပါက POSTSWE ဟုရိုက်နှိပ်ကာ 1332 သို့ SMS ပေးပို့ရန်လိုအပ်ပါသည်။ဆွေသဟာ ၀န်ဆောင်မှုရယူခြင်း မှာ အခမဲ့ဖြစ်သည့်ပြင် အင်တာနက် ၀န်ဆောင်မှု လျှောက်ထားခလည်း ပေးရန် မလိုပါ။ ဆွေသဟာကို မည်သည့် အချိန်တွင်မဆို လျှောက်ထားရယူနိုင်ပါ သည်။

 မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ပရိုမိုရှင်းကာလအတွင်း အင်တာနက် သုံးစွဲခ လျှော့ချခြင်း အပြင် အင်တာနက် Packages များကိုလည်း 400MB Package ကို ၅၀၀၀ ကျပ်အစား ၂၈၀၀ကျပ်၊ 1GB package ကို ၁၀၀၀၀ ကျပ်အစား ၆၅၀၀ကျပ် ဖြင့် ဈေးလျှော့ပေးမည်ဖြစ် ပါသည်။ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းသည် အင်တာနက် အသုံးများသည့် သုံးစွဲသူများအတွက် အထူးဈေးနှုန်း အဖြစ်1MB လျှင် ၅ကျပ်နှုန်းမျှသာကျသင့်သော 5G Internet Package အသစ်ကိုလည်းစတင် မိတ်ဆက် ပေးမည်ဖြစ်ရာ ဈေးနှုန်းချိုသာစွာဖြင့် အသုံးပြုနိုင်မည်ဖြစ်ပါသည်။

Internet Package အသစ်ဖြစ်သော 5GB Internet Package ကို ၂၅၀၀၀ ကျပ်ဖြင့်ဝယ်ယူနိုင် မည်ဖြစ်ပါ သည်။ အဆိုပါ Package မှာ ရုပ်ပုံ၊သီချင်းနှင့် ရုပ်ရှင် တို့ကို အမြောက် အများ download ဆွဲယူသူများ နှင့် မိမိဖုန်းကို wifi hotspot အဖြစ် အသုံးပြုသူများ အတွက် အထူးသင့်လျော်သော အစီအစဉ်ဖြစ်ပါ သည်။ အထူးလျှော့ဈေး များကိုခံစားနိုင်ရန်အတွက် Internet Package များ ကို မတ်လ(၄)ရက်နေ့ မှ (၃၁) ရက်နေ့အတွင်း ၀ယ်ယူရန် လိုပါသည်။ Packages များကို ၀ယ်ယူရန် ဆွေသဟာကိုရယူ ထားရမည်ဖြစ် ပါသည်။

အသေးစိတ်သိရှိလိုပါက www.mpt.com.mm/my/50percentoffoninternet/ ကို ၀င်ရောက်ကြည့်ရှု နိုင်သလို ဖုန်းနံပါတ် (၁၀၆) သို့ နေ့စဉ် ၂၄နာရီ ခေါ်ဆို နိုင်ပါသည်။

မှတ်ချက်များ