ယခုနှစ် သင်္ကြန်မဏ္ဍပ်များတွင်ရွေ့လျားသန့်စင်ခန်းများကိုသာ သုံးခွင့်ပေးမည်


ပတ်ဝန်းကျင်ညစ်ညမ်းမှုများ မဖြစ်ပေါ်စေရန်အတွက် သင်္ကြန်မဏ္ဍပ်များ၌ ရွေ့လျားသန့်စင်ခန်းများသာ အသုံးပြုခွင့်ပေး မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ပတ်ဝန်းကျင် ထိန်း သိမ်းရေးနှင့် သန့်ရှင်းရေး ဌာနမှ သိရသည်။

ယင်းရွေ့လျားသန့်စင်ခန်းများအား ယမန်နှစ်သင်္ကြန်မဏ္ဍပ် များ၌ အသုံးပြုခဲ့ကြောင်း သိရသည်။

''ရွေ့လျားသန့်စင်ခန်းတွေ အသုံးပြုခိုင်းတာက ပတ်ဝန်းကျင် သန့်ရှင်းမှုတွေ ဖြစ်ပေါ်စေဖို့ပါ။ ပြီးတော့ သိမ်းဆည်းရလဲလွယ် တယ်။ ကျင်းတူးပြီးတော့ သန့်စင်ခန်းပြုလုပ်တာတွေကို ခွင့်ပြုမှာ မဟုတ်ပါဘူး''ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ လက်ထောက် ဌာနမှူး ဦးသန်းဌေးက ပြောသည်။

ယင်းရွေ့လျားသန့်စင်ခန်းများအား ပတ်ဝန်းကျင်ထိန်းသိမ်း ရေးနှင့် သန့်ရှင်းရေးဌာနမှ ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိ ရသည်။

''ငှားရမ်းပေးသွားမှာပါ။ ငှားရမ်းဖို့ ရွေ့လျားသန့်စင်ခန်း အ လုံးတစ်ရာကျော် ရှိပါတယ်''ဟု ယင်းက ဆက်ပြောသည်။

ယင်းရွေ့လျားသန့်စင်ခန်းအား တစ်ရက်လျှင် ကျပ်တစ်သောင်း ဖြင့် ငှားရမ်းသွားမည်ဖြစ်ပြီး မဏ္ဍပ်သန့် ရှင်းရေးအတွက် မဏ္ဍပ် အကြီး တစ်ရက်လျှင် တစ်သိန်း၊ မဏ္ဍပ်အလတ် လေးသောင်းနှင့် မဏ္ဍပ်ငယ် နှစ်သောင်း ပေးဆောင်ရမည်ဖြစ်ကြောင်းသိရသည်။

''မဏ္ဍပ်တွေကို ကန်တော်ကြီးပတ်လမ်း၊ ကမ္ဘာအေးဘုရား လမ်း(ကန်ပေါင်)၊ ပြည်လမ်း၊ ပါရမီလမ်းတို့မှာ အရင်နှစ်တွေကလို ချမှတ်ပေးသွားမှာပါ''ဟု လက်ထောက်ဌာနမှူး ဦးသန်းဌေးက ပြော သည်။
ယင်းအပြင် အခြားမြို့နယ်များအတွင်းရှိ နေရာများ၌ မဏ္ဍပ် တည်ဆောက်လိုပါက လာရောက် လျှောက်ထားနိုင်ကြောင်းကို လည်းသိရသည်။

''လာရောက်လျှောက်ထားရင် မဏ္ဍပ်နေရာအတိအကျ၊ သက် ဆိုင် ရာမြို့နယ်၊ ခရိုင်ထွေအုပ်ရုံးရဲ့ စိစစ်ထောက်ခံချက်၊ မဏ္ဍပ် အမျိုးအစား စတာတွေနဲ့ လာရောက်လျှောက်ထားနိုင်ပါတယ်။ အတိအကျကို နိုင်ငံပိုင်သတင်းစာတွေမှာ ကြော်ငြာပြီးသွားပါပြီ'' ဟု ယင်းက ဆက်ပြောသည်။

ယင်းမဏ္ဍပ်လျှောက်ထားခြင်းအား ရန်ကုန်မြို့တွင်း၌ မတ် ၁၃ ရက် ညနေ ၄ နာရီခွဲ နောက်ဆုံးထားကာ လျှောက်ထားရမည် ဖြစ်ကြောင်း သိရသည်။

အာကာထက် | TheYangonTimes

မှတ်ချက်များ