အမှိုက်သိမ်းလုပ်ငန်းအား ပုဂ္ဂလိကသို့လွှဲပြောင်းပြီးပါက စည်ပင်နှုန်းထားထက် ပိုမိုကောက်ခံနိုင်


အမှိုက်သိမ်းလုပ်ငန်းအား ပုဂ္ဂလိက သို့လွှဲပြောင်းပြီးပါက စည်ပင်နှုန်းထား ထက် ပိုမိုကောက်ခံနိုင်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ အကြီး တန်းအရာရှိတစ်ဦးက ပြောသည်။

ပုဂ္ဂလိကသို့လွှဲပြောင်းရန် ၂ဝ၁၄ခုနှစ် မတ်လတွင် တင်ဒါ ခေါ်ယူခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။''အမှိုက် သိမ်းဆည်းခက စည်ပင်ထက် ပိုကောက်လောက်မှာပါ။ နှစ်ဆလဲဖြစ်နိုင် သလို သုံးဆလဲဖြစ်နိုင်တယ်''ဟု ယင်းအ ကြီးတန်းအရာရှိတစ်ဦးက ပြောသည်။တင်ဒါခေါ်ယူမှု၌နောက်ဆုံးအဆင့် အနေနှင့် ကုမ္ပဏီခုနစ်ခု ကျန်ရှိခဲ့ကြောင်း သိရသည်။

''ကျန်ရှိခဲ့တဲ့ ကုမ္ပဏီကခုနစ်ခုပါ။ ပြည်တွင်းကုမ္ပဏီငါးခုနဲ့ ပြည်ပကုမ္ပဏီနှစ် ခုပါ။ အမှိုက်သိမ်းဆည်း ခတိုးမြှင့်နိုင်တာက ပုဂ္ဂလိကကို လွှဲပြောင်းပြီးရင် နည်းပညာ တွေမြင့်မားလာမယ်။ အဲဒီအခါကျရင်သိမ်း ဆည်းမှုတွေ ကောင်းမွန်မြန်ဆန်လာနိုင် တယ်''ဟု ယင်းကပြောသည်။

လက်ရှိ၌ အမှိုက်သိမ်းလုပ်ငန်းအား လွှဲပြောင်းပေးရန် ကုမ္ပဏီများအား လျာ ထားကြောင်းလည်းသိရသည်။

အာကာထက် | TheYangonTimes

မှတ်ချက်များ