ဦးနှောက်ကိုကောင်းကျိုးပြုတဲ့ အကောင်းဆုံးအစားအစာများ။


(၁) မက်မွန်သီးစားပါ။ ဦးနှောက်သွေးကြောပိတ်ရောဂါ မဖြစ်စေပါဘူး။

(၂) ဘလူးဘယ်ရီသီးက အာရုံစူးစိုက်မှုအားကောင်းစေပြီး၊ ဦးနှောက်တုန့်ပြန်မှုနှုန်းကို မြန်ဆန်သွက် လက်စေပါတယ်။

(၃)သစ်ကြားသီးကိုအစွမ်းထက်မြက်ဦးနှောက်အားတိုးသဘာဝဖြည့်စွက်ဆေးအဖြစ်အားကိုးထိုက်ပါပေတယ်။

(၄) အနားတွန့် ဂေါ်ဖီထုပ်ကလေးထဲမှာပါတဲ့ tryptophan(ခေါ်)seroten ဓာတ်များကဦးနှောက်ကို ကျန်းမာစေပါတယ်။

(၅) ဘရိုကိုလီ(ခေါ်)ပန်းဂေါ်ဖီစိမ်း က ဦးနှောက်ကို ကောင်းစွာအလုပ်လုပ်စေပါတယ်။

(၆) ပန်းဂေါ်ဖီအဖြူရောင်က ဦးနှောက်ရဲ့  အဖြူရောင်အဖတ်သားများကိုများစွာကောင်းကျိုးပြုပါတယ်။

(၇) ဂျင်း စားပေးခြင်းဖြင့် ဦးနှောက်အမြှေးပါးရောင်ရောဂါ ကိုမဖြစ်စေတော့ပါဘူး။

(၈)ပန်းသီးကခန္တာကိုယ်အတွက်ဘက်စုံအားကောင်းစေရုံသာမကမှတ်ဥာဏ်အားလည်းကောင်းစေပါတယ်။

(၉) ဖရဲသီးစားပါ။ ဦးနှောက်ရဲ့  ဖွဲ့ စည်းတည်ဆောက်မှုကို အားပေးပါတယ်။

(၁၀) ဂေါ်ဖီထုပ်က အဆုပ်၊ ဆီးကျိတ်ကင်ဆာ တွေမဖြစ်စေတဲ့အပြင်၊ဦးနှောက်ပျက်စီးထိခိုက်မှု ကိုပါ လျော့ပါးသွားစေပါတယ်။

(၁၁) ဆလပ်ရွက် များများစားပေးခြင်းဖြင့် neurovascularcoupling(ခေါ်)ဦးနှောက်အာ ရုံကြောတွေနဲ့ ဆက်စပ်နေတဲ့သွေး ကြောတွေမှာသွေးစီးဆင်းမှုပိတ်ဆို့ ခြင်းရောဂါ ကိုမဖြစ်စေနိုင်ပါဘူး။ ဒါ့ပြင်
Alzheimer(ခေါ်)ဦးနှောက်ဇရာကြို အယ်လယ် ဇိုင်း မားရောဂါ
ဖြစ်လာနိုင်ချေကိုပါ လျော့ချပေးပါတယ်တဲ့။

(၁၂) သခွားမွှေးသီးစားပါ။ ဦးခေါင်းခွံကျန်းမာထေရးကို ကောင်းကျိုးပြုတဲ့အပြင် ဦးနှောက်အားကောင်းစေ ပါတယ်။

(၁၃) ထင်းရှုးသီးစေ့ က ဦးနှောက်ကို တက်ကြွအောင်လှုံ့ ဆော်ပေးနိုင်စွမ်းရှိပါတယ်။

(၁၄) မြင်းခွာရွက် တစ်နေ့  ၄-ရွက်စားပါ။ အုန်းဆီ ၈၀-ကျပ်သားနဲ့မြင်းခွာရွက်သတ္တု  ရည် ၂၇-ကျပ်သားတို့ ရောပြီး မီးအေးအေး ဖြင့်ချက်ပါ။ရေခန်း၍ဆီသာကျန်တော့တဲ့အထိ ချက်ပြီးအအေးခံပါ။ ဆံပင်နဲ့ဦးရေပြား ကိုလိမ်းပေးခြင်းဖြင့် ဦးနှောက်အားရှိလာ စေပါတယ်။ 

ဒါ့ပြင်သတိကောင်းခြင်း၊ ဆံပင်ကောင်းခြင်း၊ နှစ်ခြိုက်စွာအိပ်ပျော်စေခြင်းစသည်ဖြင့်ကောင်းကျိုးပြုပါတယ်။ (သို့ မ ဟုတ်) မြင်ခွာရွက်မှုန့်ကိုနွားနို့ ၊ သကြားတို့ နဲ့ ရောသောက်ပေးခြင်းဖြင့် ဦးနှောက်ကြည်လင်၍
မှတ်ဥာဏ်ကောင်းစေပါတယ်။

(၁၅) ဦးနှောက်ပျက်/စိတ်ဖောက်ပြန်ခြင်းအတွက် လင်းနေပင်အမှုန့် ကိုပျားရည်နှင့်ရော လျက်ပေးပါ။ ဦးနှောက်အားနည်းပြီး မကြာခဏသတိမေ့လျော့ခြင်းအတွက် လင်းနေပင်အမှုန့် ကို၊ ထောပတ်၊ နွားနို တို
့ဖြင့်သောက်ပါ။

(၁၆) ဦးနှောက်ပျက်/စိတ်မငြိမ်ခြင်းအတွက် ဆီးသီးခြောက်ကို ထန်းလျက်ဖြင့်ယိုထိုးစားပါ။

(၁၇) ဦးနှောက်ကြည်စေရန်အတွက် ကြံရည်နဲ့  ပျားရည် (သို့ မဟုတ်) ကြံရည်နဲ့ဇီးဖျော် ရည် ရောသောက်ပါ။

(၁၈) ဦးနှောက်မကြည်မလင် ပင်ပန်းနွမ်းနယ်ခြင်းအတွက်ဖီးကြမ်းဌက်ပျောသီးမှည့်မှည့်ကို စပျစ်သီးအမှည့်ဖြင့် ဖျော်ရည်လုပ်သောက်ခြင်းဖြင့် တခဏအတွင်း လန်းဆန်းလာစေပါတယ်။

(၁၉) မြတ်လေးပန်းရှုပါ။ မြတ်လေးပန်းရနံရှုခြင်း (သို့ မဟုတ်)မြတ်လေးပန်းခြောက် မှုန့် ကို ပျားရည် တွင်စိမ်၍ ညအိပ်ယာဝင် တိုင်းလ္ဘက်ရည်ဇွန်း ၁-ဇွန်း သောက်ခြင်းက ဦးနှောက်ကြည်လင် လန်းဆန်းလာစေပါတယ်။

ပေါက်ပေါက်

မှတ်ချက်များ