သင်္ကြန်ကာလ အမှုအခင်း များကို ကာကွယ်ရန် ရဲတပ်ဖွဲ့ဝင် အင်အား (၇၀၀) ခန့်ဖြင့် လုံခြုံရေးယူမည်
မန္တလေးခရိုင် အတွင်း သင်္ကြန်ကာလ အမှုအခင်း မဖြစ်ပွားရေး အတွက် တပ်ဖွဲ့ဝင် အင်အား အယောက် (၇၀၀) ခန့်ဖြင့် လုံခြုံရေး ယူသွားမည် ဖြစ်ကြောင်း မန္တလေးခရိုင် ရဲတပ်ဖွဲ့ ထံမှ သိရသည်။ ထို့အပြင် သင်္ကြန် ရေကစား မဏ္ဍပ်နှင့် ဖျော်ဖြေရေး မဏ္ဍပ် တို့တွင် ရဲတပ်ဖွဲ့ဝင် ခုနစ်ယောက်နှုန်း ချထား၍လုံ ခြုံရေးယူ သွားမည် ဖြစ်ကြောင်း သိရသည်။
မဏ္ဍပ် တစ်ခုချင်းစီမှာ ရဲတပ်ဖွဲ့ဝင် အင်အား ခုနစ်ယောက်ချထား ပေးမယ်။ မီးသတ် တပ်ဖွဲ့တွေ နဲ့ သက် ဆိုင်ရာ မဏ္ဍပ် လုံခြုံရေးတွေ ပူးပေါင်း ဆောင်ရွက်မယ်။ နောက်တစ်ခု မဏ္ဍပ်ထဲမှာ အရက်သေစာတွေ ထားတာတို့၊ တုတ်၊ ဓား၊လှံစတဲ့ အန္တရာယ် ဖြစ်စေတဲ့ လက်နက်တွေ မထားဖို့ရာ ပြောမယ် ဟု မန္တလေးခ ရိုင် ရဲတပ်ဖွဲ့မှူး ဦးစိန်ထွန်းက ပြောသည်။ သင်္ကြန် ရေကစား မဏ္ဍပ်နှင့် ဖျော်ဖြေရေး မဏ္ဍပ် စသည်တို့ အပြင် မန္တလေးမြို့ အတွင်း လူစည်ကားသော နေရာများ ဖြစ်သည့် ကျောက်တော်ကြီး ဘုရား၊ တောင်သမန် အင်းစသည့် နေရာများ တွင်လည်း လုံခြုံရေးများ ဆောင်ရွက် သွားမည် ဖြစ်သည်။
မလိုလား အပ်တဲ့ ခိုက်ရန် ဖြစ်ပွားမှုတွေ မဖြစ်စေဖို့ ကြိုတင် ကာကွယ်တဲ့ အနေနဲ့ ဖြစ်တယ်။ နောက်ပြီး သင်္ကြန် ကာလမှာ အဖျက်အမှောင့်တွေ မဖြစ်လာစေဖို့ အတွက် ဖြစ်လာခဲ့ ရင်လည်း တားဆီးမှုတွေ လုပ်နိုင်စေဖို့ရာ ဖြစ်တယ် ဟု ဦးစိန်ထွန်းက ဆက်လက် ပြောကြားသည်။ သင်္ကြန် ရေကစား မဏ္ဍပ်နှင့် ဖျော်ဖြေရေး မဏ္ဍပ် များတွင် CCTV များတပ်ဆင်ရန် အတွက် မဏ္ဍပ်များ မဆောက်လုပ်ခင် ကတည်းက ထုတ်ပြန် ထားသည်။
messenger

မှတ်ချက်များ