ရုပ်ရည် မလိုတဲ့ Lil 'Z
HIP HOP အဆိုရှင်တစ်ဦး ဖြစ်သည့် Lil 'Z က သီချင်း ဆိုရာတွင် အဆိုတော် တစ်ဦး အနေဖြင့် ရုပ်ရည်က အဓိက မကျကြောင်း ဆိုသည်။ အခုခေတ် ပရိသတ်တွေ တော်တော်များများက ပြောရမယ်ဆိုရင် မိန်းကလေး ပရိသတ်တွေက အဆိုတော်သစ် တစ်ဦးကို အဆိုတော် တစ်ယောက် အနေနဲ့ လက်ခံတော့ မယ် ဆိုရင် အဓိကရုပ်ရည်ကို ကြည့်ပြီး ဆုံးဖြတ်တတ် ကြတယ်။
ဒါက မဖြစ်သင့်တဲ့ လက္ခဏာ တစ်ခုလို့ ကျွန်တော်မြင်တယ်။ ကျွန်တော့်ရဲ့အမြင်တော့ အဆိုတော် ဆိုတာ ကို လက်ခံမယ်ဆိုရင် ရုပ်ရည်က အဓိက မကျပါဘူး။ တကယ် လိုအပ်တာတွေက ဘုရားသခင် ပေးထားတဲ့ ပရိသတ် လက်ခံမယ့် အသံတစ်ခုရယ်၊ ကိုယ့်ရဲ့သီချင်းတွေနဲ့ လိုက်ဖက်မယ့် ပါဖောမန့်တွေကို တင် ဆက်နိုင်ဖို့ပဲ လိုမယ်လို့ ထင်ပါတယ်။
ဒါကြောင့် လည်း ကျွန်တော် သီချင်းဆိုတဲ့အခါမှာ သံစဉ်တွေ၊ စာသားတွေ၊ သင့်တော်တဲ့ ပုံဖော်မှု တွေကိုပဲ လုပ်ပါတယ်။ နောက်တက် လာမယ့် အဆိုတော် အသစ်တွေ အနေနဲ့ သံစဉ်တွေ စာသားတွေနဲ့ အသံပိုင်း ကို ဂရုစိုက်ပြီး လုပ်သွားမယ် ဆိုရင် ကျွန်တော်တို့ မြန်မာ HIP HOP ဂီတလောကကြီး တိုးတက် လာမှာပါ ဟု Lil 'Z က ပြောသည်။ Lil 'Z သည် လန်းပါတီ သင်္ကြန် တေးစီးရီးတွင် X-Box နှင့်အတူ ပါဝင်သီဆို ထားကြောင်း သိရသည်။
messenger

မှတ်ချက်များ