ဂျပန်နိုင်ငံက စက်ဘီး ရိုလာကိုစတာ





ဂျပန်နိုင်ငံ၊ Okayama မြို့ထဲမှာ Washuzan Highland Park ထဲမှာ စက်ဘီးရိုလာကိုစတာ ရှိပါတယ်။ အခြားနိုင်ငံများမှာလည်း ရှိပေမယ့် သူက ကမ္ဘာ့ အမြင့်ဆုံး စက်ဘီး ရိုလာကိုစတာအဖြစ် လူသိများ ပါတယ်။ တောင်စောင်း ပတ်ပြီးတော့ တည်ဆောက်ထားခြင်း ဖြစ်ပါတယ်။

သူ့ကိုစီးမယ်ဆိုရင် ၂ ယောက်တွဲ စီးရမှာ ဖြစ်ပါတယ်။ ခါးပတ်ပတ်ထားဖို့ လိုအပ် ပါတယ်။ သူက အလို အလျောက် ရွေ့လျားခြင်း မဟုတ်ပဲ ခြေထောက်နဲ့ နင်းမှ ရွှေ့တဲ့ ရိုလာကိုစတာ ဖြစ်ပါတယ်။ ဒီတော့ ကြောက်လို့ အလယ်မှာ ရပ်နေရင်တော့ ရပ်နေတဲ့အတိုင်းပဲ ကျန်ခဲ့မှာပါ။

နှလုံးရောဂါ ရှိသူ၊ နှလုံးအားနည်းသူ၊ ကြောက်တတ်သူများကို မစီးမိကြဖို့ အကြံပေးထား ပါတယ်။
သူ့ကိုPedalPowerRollerCoasterSkyecyleလို့အင်္ဂလိပ်လို ခေါ်ပြီး ကောင်းကင်စက်ဘီးလို့လည်း
ခေါ်ပါတယ်။

yoyarlay

မှတ်ချက်များ