မန်ယူကို အနိုင်ယူပြီး စိတ်ပိုင်းဆိုင်ရာ တိုက်စစ်ကို လုပ်ဆောင်နိုင်မယ် လို့ အာစင်ဝင်းဂါး ယုံကြည်နေ


အာစင်နယ် အသင်းဟာ မန်ချက်စတာ ယူနိုက်တက် အသင်းကို FA ဖလား ကွာတားဖိုင်နယ် မှာ အနိုင် ယူပြီး စိတ်ပိုင်းဆိုင်ရာ အရ တိုက်စစ်ဆင်မှု တွေကို ဆက်လက် လုပ်ဆောင်နိုင် မယ်လို့ အာစင်နယ် အသင်းရဲ့ မန်နေဂျာဖြစ်တဲ့ အာစင်ဝင်းဂါးက အခိုင်အမာ ဆိုလိုက်ပါတယ်။ အမှန်တစ်ကယ်တော့ အာ စင်ဝင်းဂါး ဟာ ၂၀၀၆ ခုနှစ် ကတည်းက အိုးထရက်ဖို့ဒ် ကွင်းမှာ မန်ချက်စတာ ယူနိုက်တက် ကို အနိုင် မက စား နိုင်တော့ ပါဘူး။ 

ဒါပေမယ့် အိုးထရက်ဖို့ဒ် ကွင်းမှာ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ ယှဉ်ပြိုင် ရမယ့် FA ဖလား ကွာ တား ဖိုင်နယ် ဟာ အာဝင်နယ် အသင်းအတွက် လက်ကျန်ရာသီ ပွဲစဉ်များတွင်ပါ ပရီးမီးယားလိဂ်ရဲ့ ထိပ် ဆုံး ၄ သင်း ၀င်နိုင်မည့် ရလဒ်ကောင်းတွေ ထွက်ပေါ်လာစေလိမ့်မယ် လို့ အာစင်ဝင်းဂါး ကဆိုပါတယ်။ မန်ချက်စတာ ယူနိုက်တက် နဲ့ အိုးထရက်ဖို့ဒ် ကွင်းမှာ ယှဉ်ပြိုင်ရမယ့် FA ဖလား ကွာတားဖိုင်နယ် ပွဲစဉ်အမှီ အာစင်နယ် အသင်းရဲ့ အားကိုးရတဲ့ ကစားသမားတွေဖြစ်တဲ့ Danny Welbeck နဲ့ Aaron Ramsey တို့ဟာ လည်း ဒဏ်ရာရရှိ ထားရာမှ ပြန်လည် သက်သာလာ ပြီဖြစ်တယ်လို့လည်း သိရပါတယ်။

“ဒီပွဲဟာ ပွဲကြီးပွဲကောင်းပါ။ ပွဲကြီးပွဲကောင်းတွေမှာ ရလိုက်တဲ့ ကြီးမားတဲ့ အောင်မြင်မှုတွေဟာ အသင်းရဲ့ ယုံကြည်မှုတွေကို ပိုမိုအားကောင်းလာစေတဲ့ အကျိုးသက်ရောက်မှုတွေ ရှိလာမှာပါ” လို့ အာစင်ဝင်းဂါးက ဆိုပါတယ်။

Credit : http://www.mirror.co.uk/sport/football/news

မှတ်ချက်များ